P. 37

3.4K 248 5
                                    


Unicode

အရှင့်အလိုတော်အတိုင်း...37

"မဟုတ်မှလွဲရော...!"

ကနာ ခန္ဓာကိုယ် အနဲငယ် ယိုင်ထိုး ကျသွားသည်...
Pen က လျင်မြန်စွာနဲ့ ထိန်းပေးလိုက်ပြီး အဆောင်တော်ထဲသို့ ပို့ဆောင်စေသည်....

"ကြင်ယာတော် ကျန်းမာရေး ဂရုစိုက်ပါ...ကြင်ယာတော် နှလုံး..."

Pen ပြောနေရင်း ရပ်သွားသည်...

ကနာ ဆက်မပြောဘဲ ရပ်တန့်သွားသည့် Pen ကို နားမလည်စွာနဲ့ ကြည့်နေခဲ့သည်...

"ကြင်ယာတော် ညနေစောင်းနေပါပြီ..အနားယူသင့်ပါပြီ..."

ကုတင်ပေါ်မှ ကနာကို စောင်ကို သေချာ ခြုံပေးကာ

"ကြင်ယာတော် တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါ ကျွန်မ
ညစောင့် လုပ်လိုက်ပါ့မယ်..."

ပြောပြီး ခါးကိုင်းကာ ထွက်သွားရန် ပြင်နေသော် Penကို ကနာ တားလိုက်ကာ....

"နေဦး....ဒီနေ့တော့...မင်း ညမစောင့်ပါနဲ့... မင်းမှာ
ဒဏ်ရာတွေနဲ့...အနားယူလိုက်ပါ..."

"ကြင်ယာတော် ကြင်နာမှုကို ကျေးဇူးတင်ပါတယ်.."

ထို့နောက် Pen က ညမစောင့်တော့ဘဲ သူ၏ အခန်းတွင်သို့
ဝင်ကာ သူ၏ ကျွမ်းကျင်သော် ဆေးပညာဖြင့် ဖော်စပ်ထားသော ဆေးကိုသာ ဒဏ်ရာတစ်ဝှိုက် လိမ်းခြယ်လိုက်သည်.....

ထို့နောက် စာပို့ ခိုကို အသံပြုလုပ်၍ ခေါ်ကာ သေးငယ်သော
စာလိပ်ကို ခို၏ ခြေထောက်တွင် ချိတ်ကာ ပြတင်းပေါက်မှ
ခိုကို လွှတ်လိုက်သည်...

ထို့နောက် Penဟာ ပြတင်းပေါက်ကို ပြန်ပိတ်ပြီး..
အိပ်ရာထက် လဲကာ မျက်လုံး မှိတ်စက် အနားယူလိုက်သည်

*****************

Pen အခန်းထဲမှ ထွက်သွားသည်နှင့် ကနာ ဟာ ခြုံထားသော စောင်ကို ဖယ်ုာ ကုတင်ပေါ်မှ ဆင်းလာပြီး..
အံဆွဲသေးသေးလေးထဲမှ ပုလင်းသေးသေးလေးကို ယူလိုက်
ပြီး ထို ပုလင်းလေးထဲမှ ဆေးလုံးလေး ကို ရေမပါဘဲ
သောက်လိုက်သည်...

ထိုအခါမှရင်ဘတ်ရဲ့ ဘယ်ဘက်မှ အောက်သက်သက်ဖြစ်နေသော် နေရာမှ သက်သာသွားတော့
သည်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now