P. 19

4.5K 333 5
                                    


Unicode

အရှင့်အလိုတော်အတိုင်း( 19)

ကနာ မနက်ခင်း အိပ်ရာ နိုးတော့ သူအဆောင်ကို ပြန်ရောက်နေသည်။

"Yo ပဲ ပြန်ခေါ်လာခဲ့တယ် ထင်တယ်...ငါ့တော်တော်မူးသွားတာပဲ...."

နားထင်ကို ဖိကိုင်က အိပ်ရာပေါ်တွင် လူးလိမ့်နေတယ်...

"ကြင်ယာတော် နိုးပြီလား..ကြင်ယာတော် နိုးရင် ကျွန်တော် ဝင်ခဲ့ပါတော့မယ်..."

"ဝင်ခဲ့..."

ကြင်ယာတော် ပြောပြီးသည်နှင့် Yo ၏ နောက်မှ အစေခံမလေးနှစ်ယောက်နဲ့ ဝင်လာတယ်...

"ခေါင်းကိုက်နေတာလား ကြင်ယာတော်.."

"အမ်..မနေ့က.. မင်းပြန်ခေါ်လာတာလား.."

Yo ကြင်ယာတော် ကနာကို ရေစိမ်ထားထဲ ပိတ်စဖြူလေး ပေးရင်း..

"မဟုတ်ဘူး.....မင်းကြီး...မင်းကြီးက ကြင်ယာတော် ကို ပြန်ခေါ်လာတာ..."

"ဟမ်...တကယ်ပေါ့...ငါ့ဘာလို့ မမှတ်မိပါလဲ..."

ကနာ မျက်နှာ သုတ်ပြီးတော့ အစေခံမလေးနှစ်ယောက် ထွက်သွားတယ်...ထပ်ပြီး အစေခံမလေး သုံးယောက်က
မနက်စာကို စားပွဲပေါ်တွင် ပြင်ဆင်ပေးနေတယ် Yo က
ကနာက တွဲလိုက်ရင်း...

"မနေ့က ကြင်ယာတော် အရမ်းမူးနေတာလေ..ပြီးတော့ မင်းကြီးက ညက တစ်ညလုံး ရှိနေတာ မနက်ခင်း ညီလာခံ
တက်ချိန်မှ ပြန်သွားတာ..."

"အော်အဲလိုလား..."

ကနာလည်း Yoထည့်ပေးတဲ့ မနက်စာကိုသာ စားနေလိုက်သည်။

...............

မင်းကြီး ညီလာခံ ပြီးတော့ စာဖတ်အဆောင်တွင်း
မနေ့ညက ကိစ္စကို ပြန်စဉ်းစားနေမိတယ်...

မနေ့ည.....

"ငါ့ကိုယ်တော်ရဲ့ ကြင်ယာတော်က ဒီကို ရောက်နေတာကို..."

နက္ခဗေဒအဆောင်တော်အတွင်း နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကနာကို ကြည့်ပြီး မင်းကြီး ပြုံးကာ သဘောကျနေမိတယ်..
ကနာကို မင်းကြီးပေါင်ပေါ် ခေါင်းအုံး အိပ်စေလိုက်ပြီး..နဖူးထက့ ဝဲကျနေသော ဆံပင်လေးများကို သပ်ပေးနေမိတယ်...

အရှင့်အလိုတော်အတိုင်း  (Complete)Donde viven las historias. Descúbrelo ahora