P. 12

5.6K 416 7
                                    


Unicode

အရှင့်အလိုတော်အတိုင်း..(12)

ကနာ နှင့် မင်းသား M တို့ ထုံးစံတိုင်းနန်းတွင်းပြင် ခိုးထွက်ခဲ့ကြပြန်တယ်....

နန်းမြို့တော်၏ အကောင်းဆုံးသော ဈေးအကြီးဆုံးသော
လူကုံထံတွေသာ စားနိုင်သော..တိမ်လွှာစားသောက်ဆိုင်...

ကနာတို့ ထိုင်သော ဝိုင်းတွင် စားပြဲထိုးများမှ တစ်သီတစ်သန်းယူလာသော စားပွဲများ....

စားပွဲနှင့်ပင် အပြည့်....နန်းတွင်းတွင် မဟုတ်သောကြောင့်
ကနာတို့လည်း လွတ်လွတ်လပ်လပ်သား စားသောက်ကြသည်..မစားသောက်ခင် Yoမှ ငွေအပ်ကိုထုတ်ကာ အစားသောက်များကို စစ်ဆေးပြီးမှ စားသောက်သည်.....

ကနာတို့ မင်းသားနှင့် စကားပြောရင်း စားသောက်ကြရင်း...

"ဟိတ်ကောင်...'ထိုသို့ နမည်မခေါ်...နာမ်စားခေါ်သော ကောင်ကား တစ်ယောက်တည်းသာ....

ယဉ်ကျေးမှုအမတ်ကြီးရဲ့ သား No ပင်....

"ဟာ....ကနာ...ကနာ.....မင်းကွာ...နန်းတွင်းဝင်သွားကတည်းက အဆက်သွယ်မရတော့တာ.....'
ပြောလည်းပြော ကနာ လက်မောင်းကိုလည်း ရိုက်နှင့် Noတစ်ယောက် အနီးနားရွိ ထိုင်ခုံယူကာ..ကနာ တို့ စားပွဲတွင်
ထိုင်လိုက်လေသည်....

ကနာ လည်း မချိမဆံလေး ပြုံးပြကာ...'မင်း ရိုက်လို့မပြီးသေးဘူးလား....' ဆိုမှ No တစ်ယောက် ရိုက်နေသည့် လက် က တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားပြီး

"အေးပါကွာ....ဒါနဲ့..မင်းအဆင်ပြေရဲ့လား....'

ကနာလည်း သောက်နေသော လက်ဘက်ရည်ကို
အကုန် သောက်လိုက်ပြီး....
"အမ်..ပြေတယ်...မင်းရော....'

"ငါ့လား မင်းမရှိလို့ မပြေဘူး....'ကနာ လက်မောင်းအား
ဖက်ကာ မျက်နှာလေးအပ်လျက် ချွဲနွဲနေသည်မှာ မိန်းကလေးတစ်ယောက်ထပ်ပင် ပို။ M စိတ်မရှည်တော့ဘဲ.....

"အပျော်မယ်ဂေဟာက အပျော်မယ်တွေတောင် သူလောက် မချွဲတတ်ဘူး....'တယူတသိမ်း ကြားရုံလေးသာပြောလိုက်တယ်....လက်ဘက်ရည်ကို မော့ရင်....

No တစ်ယောက် M ကို မကြည်ကြည်နှင့် ကြည့်ကာ မျက်စောင်းထိုးပြီး မသိသလိုပင်....

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now