P. 23

3.7K 289 8
                                    


Unicode

အရှင့် အလိုတော်အတိုင်း...(23)

ဖြောင်း....!!!

မိဖုရားခေါင်ကြီးရဲ့ လက်ချက်ကြောင့် ကနာ ပါးလေ ရဲကာနီ တွတ်သွားတော့သည်....

ကနာလည်း ဘာကြောင့် ဒီလို ရိုက်မှန်းမသိပေမဲ့...
သူဟာ စစ်သူကြီးရဲ သား...မျိုးရိုး မြင့်မြတ်သူ ဖြစ်တယ်...
ပြီးတော့ သူဟာ ယောကျာ်လေး တစ်ယောက်....
ထိုသို့ အခြွေအရံတွေ ရှေ့မှာ ကနာကို ရိုက်လိုက်ခြင်းဟာ..
ကနာ သိက္ခာတွေကို မြောင်းထဲ ပစ်လိုက်သလိုပင်...

သို့သော်လည်း....

"ကျွန်တော်ရဲ ဘယ်လိုအမှားက မိဖုရားခေါင်ကြီးကို အမျက်တော် ရှစေတာပါလဲ..."

"ဟက်..."မိဖုရားခေါင်းကြီးက လက်ကိုခါလိုက်ပြီး...
"နင့်အဆင့်ကို နင်မသိလို့ ငါ့သိအောင်လုပ်ပေးတာ..."

ကနာ နားလည်သဘောပေါက်လိုက်သည်...
မနေ့က အစေခံမလေး..Pen ကို လွှတ်ပေးလိုက်တာကြောင့်...ဒီကိစ္စသာဆိုရင်.. ကနာအမှား ဟုတ်ပါတယ်...ဒါပေမယ့်..သူကို ဒီလိုမျိုး...လူကြားထဲမှာ အရှက်ခွဲလို့ မရဘူး..သူကလည်း ကြင်ယာတော် တစ်ယောက်ပဲလေ...

"ကျွန်တော် အမှားအတွက် ကျွန်တော် တောင်းပန်ပါတယ်.."

"ဟက်..မင်းအမှားကို သိရင် ဘာလို့ အပြစ်မခံယူသေးတာလဲ...."

ကနာ ဒူးထောက်လိုက်ပြီး...

"မိဖုရားခေါင်ကြီးပေးတဲ့ အပြစ်ကို ခံယူပါ့မယ်...."

"ကောင်းပြီးလေ ဒါဆို...."မိဖုရားခေါင်ကြီး လက်ပြလိုက်တာနဲ့ မိဖုရားခေါင်ကြီးရဲ့ အနီးကပ်အစေခံဟာ ထွက်လာပြီး...ကနာအား ထပ်ပြီး ရိုက်ရန် လက်ဖြင့် ရွယ်လိုက်တယ်....

"ဖြောင်း..."

ရိုက်မိသူက ကနာ မဟုတ်...Yo ပင်..

"Yo...." ကနာက လက်ဝါး သူဆီ ရောက်မလာဘဲ Yo က ကြားဖြတ်ခံယူလိုက်တာကြောင့် မှင်သက်နေမိတယ်...

"မိဖုရားကြီး ကြင်ယာတော် ကနား အစား ကျွန်တော် အရိုက်ခံပါ့မယ်..."

Yo ပြောလိုက်တာနဲ့ ကနာက ဆက်ပြီး..

"ကျွန်တော် အပြစ်အတွက် ကျွန်တော်ပဲ ခံယူပါ့မယ်...မဆိုင်တဲ့ လူကို မဆွဲထည့်ပါနဲ့..."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now