P. 21

3.9K 284 7
                                    


Unicode

အရှင့်အလိုတော်အတိုင်း (21)

"ဟိတ်....ဟိတ်..."ကနာ လှည့်ထွက်သွားသော ထိုအဖိုးကြီးကို လှမ်းခေါ်နေမိတယ်...

"အဟွတ်...ဟွတ်...."မင်းကြီး ချောင်းဆိုးသံကြောင့် ကနာ
မင်းကြီးကို ပြေးထူလိုက်ပြီး...

"သက်သာရဲ့လား မင်းကြီး..."မင်းကြီး ခေါင်းငြိမ့်ပြသော်လည်း ကနာ နဖူးကို စမ်းကြည့်တဲ့ အခါ ပူနေသေးသည်...

ရေဓာတ်လိုနေတာကြောင့် မင်းကြီးရဲ့ နှုတ်ခမ်းတွေ ခြောက်သွေ့နေတယ်...

ကနာလည်း အကူအညီ အော်တောင်းရုံကလွဲ ဘာမှမတတ်နိုင်....

ခဏအကြာ တွင်း အပြင်ကနေ ကြိုးလှေကား တစ်ခု ကျလာတယ် ကနာ ရုတ်တရက်စဉ်းစားမိတာ မိုးနတ်မင်းကများ သူကို သနားပြီး ချပေးလာလေသလား...

တွင်းအပေါ်ကို မော့ကြည့်လိုက်တော့ ခုနက အဘိုးကြီးပင်

"ဟေ့...လူလေး...ဒီကနေ
တက်ခဲ့..."

...............

ကနာတို့ အဘိုးအို ခေါ်တဲ့ နေရာကို မင်းကြီးကို တွဲပြီး ရောက်လာခဲ့တယ်...

ရွာလေး နမည်က သူတော်စင်ရွာတဲ့...မင်းအာဏာ မသက်ရောက်သော ရွာလေး ဖြစ်တယ် တစ်ချိန်ကတော့ သူတော်စင် မိသားစု အုပ်ချုပ်တဲ့ ရွာလေး ဖြစ်ပြီး သူတော်စင်မိသားစု မရှိတဲ့အခါ သူတော်စင်သမားတော်(ဝမ်းဆွဲသည်)က အုပ်ချုပ်သည်...

အဘိုးအိုဟာ မင်းကြီးကို မင်းကြီးမှန်းမသိသေး...

"အဲလူလေးကို ဒီမှာ ထားလိုက်...."

ကနာလည်း မင်းကြီးကို ကုတင်ပေါ် တင်ပေးလိုက်တယ်..
ဂွမ်းစောင်လေးဖြင့် ခြုံထားပြီး ရေပတ်တိုက်ပေးနေတယ်...

ရေပတ်တိုက်ပေးနေတုန်း ကောင်မလေး တစ်ယောက် ရောက်လာပြီး..မင်းကြီးကို ဆေးလိမ်းပေးလိုက်တယ်...

"ဒီက သခင်လေး ရေချိုးဖို့ ရေနွေး စပ်ထားပါတယ်.."

ကနာ ရေနွေးနွေးလေး စိမ်လိုက်မှ မနေ့က ညောင်းခဲ့တာတာတွေ ပျောက်သွားတယ်...

ထိုရွာက သာမန်အဝတ်အစားပဲ လဲကာ ထိုရွာကလေးကို ပတ်ကြည့်နေမိတယ်..

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now