အရှင့်အလိုတော်အတိုင်း(35)"အိမ်ရှေ့စံ ဖြေးဖြေးသွားပါ..."
"အိမ်ရှေ့စံ...အိမ်ရှေ့စံ..."
အိမ်ရှေ့စံ မင်းသားလေ Kit ဟာ ကလေး ဖြစ်သည့်အလျောက် စာသင်ချိန်ပြီးတာနဲ့ နန်းတော်အတွင်း
ပတ်ကာ ပြေးနေတော့သည်...လက်ထဲတွင်လဲ ကလေးအရွယ် သစ်သားဓားကို ကိုင်ကာ
ဥယျာဥ်ထဲ ပတ်ပြေးရင်း..."အာ..."
အိမ်ရှေ့စံ မင်းသားလေ ရှေ့သို့ မကြည့်ဘဲ ပြေးနေတာ
ကြောင့် အရှေ့မှ လာနေသော လူကို တိုက်မိကာ နောက်သို့
ထိုင်ရက်ကလေး လဲကျသွားသည်..ငယ်စဉ်ကတည်းက အိမ်ရှေ့စံဆိုတဲ့ ဂုဏ်နဲ့အညီ နေလာခဲ့တဲ့
မင်းသားလေး Kitက သူထိုသို့လဲကျသွားခြင်းကို. ငို၍
အေယ်ဟစ်ခြင်း မရှိ...ချက်ချင်းပင် ကောက်ထကာ ရန်ပြန်သည်..
"ငါ့ကိုယ်တော်ကို ဘာကြောင့် ဝင်တိုက်တာလဲ..မင်း..
သေချင်လို့လား.."ကနာလည်း သူကို ဝင်တိုက်သည့် ကလေးက သူ့ကို မတောင်ပန်တဲ့ အပြင် ရန်တွေ့နေတာကြောင့်..
ဒူးပေါ်ကို လက်ထောက်ကာ ခါးကိုင်လိုက်ပြီး.."အရင် ဝင်တိုက်တာ မင်း မဟုတ်ဘူးလား.....ဘာကြောင့်
ငါ့က သေရမှာလဲ..""ငါ့က တစ်နေ့ကျရင် ဒီနန်းတော်ရဲ့ အရှင်သခင်ဖြစ်လာမယ့်
သူပဲ...ငါ့သေဆို မင်းသေရမှာပဲ..."ကနာလည်း မင်းသားလေး Kitကို ဂျိုင်းမ ဆွဲမကာ ချီလိုက်
တော့ မင်းသားလေးက အောက်ချဖို့ကို အတင်းပြောလာတယ်...."ငါ့ကိုယ် အောက်ချ..အခု...ငါ့က ကလေးမဟုတ်ဘူး...."
ကနာက ရယ်လိုက်သည်..ဘေးနာက Noပါ ရယ်သည်..
ကနာတို့ ထိုအရွယ်တုန်းဆို ကလေးတစ်ယောက်လိုသာ
တွေးခေါ်နေတုန်း..."ဒီမှာ..မင်း မကြိုက်လဲ ငါ့က ချီမှာ..မင်းခမည်းတော်က
မင်းကို ထိန်းဖို့ ငါ့ကို တာဝန်ပေးထားတယ်...ဒါကြောင့်
ငါ့စကားကို နားမထောင်ရင် မင်းကို တင်ပါးလှန်ပြီး ရိုက်မှာ..""အတင့်ရဲလှချည်လား.."
"အတင့်ရဲတယ်လေ...မင်း ခမည်းတော်တောင် ငါ့ကို ကြောက်တယ်... ငါ့စကားကို သေချာ နားထောင်... "