P. 41

3K 252 10
                                    


Unicode

အရှင့်အလိုတော်အတိုင်း (41)

ညီလာခံ၌

"တောက်....!"

မင်းကြီး ဒေါသထွက်ကာ စားပွဲပေါ်ရှိ လျှောက်လွှာများအား
အောက်သို့ ပစ်ချလိုက်သည်..။

ထို့နောက် မင်းကြီးဟာ ညီလာခံအတွင်းမှ ထွက်သွားတော့သည်..။

မင်းကြီး ထွက်သွားသည်နှင့် ညီလာခံအတွင်းရှိ အမတ်များက
တိုးတိစွာပြောဆိုနေကြသည်..။

"ဦးရီးတော်....တကယ်ကို ထက်မြက်လှပါတယ်.."

"မင်းသား M ဘာကို ပြောလည်း တကယ် နားမလည်ပါဘူး.."

"ဟား...ဟား...မှတ်တမ်းဟောင်း ဌာန မီးလောင်မှုက
တကယ်ပဲ ဦးရီးတော်နဲ့ မသက်ဆိုင်ဘူးဆို ကောင်းတာပေါ့..."

"မင်းသားရဲ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်..ဒါပေမဲ့.
ဒီကိစ္စက ကျွန်တော်မျိုးနှင့် လုံးဝ မသက်ဆိုင်ပါ..."

"ဟား..ကောင်းပြီး ဒါဆို ငါ့မင်းသားကို သွားခွင့်ပြုပါအုံး."

"မင်းသားကို ပို့ဆောင်ပါတယ်..."
..............

ဦးရီးတော် အိမ်ယာတော်၌

"ဟား..ဟား...ဒီတစ်ခါတော့ မင်းကြီးရဲ့ အရှိုက် ထိသွားပြီ..."

အမတ်ချုပ်ကြီးမှ ကျေနပ်သော လေသံဖြင့် ပြောနေတော့သည်..။

"ဒါဆို ဦးရီးတော် လူစစ်မဲ ကိစ္စနဲ မြေယာကိစ္စကို မင်းကြီး
သိသွားပြီးဆိုတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ.."

Kao က မေးလိုက်သည်..။

"ငါ့တို့ အမြန်ဆုံး လှုပ်ရှားရမယ်..ဒီထက်ပိုပြီး နောက်ကျရင်
ငါ့တို့ အစီအစဉ်က သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်.."

"ကျွန်တော်မျိုး သိပါပြီ.."

အမတ်ချုပ်နှင့် Kao က ဦးရီးတော် အိမ်တော်မှ ထွက်ခဲ့ပြသည်..။

မင်းကြီး၏ သန်းခေါင်းစာရင်း စစ် အမိန့်ကြောင့် ဦးရီးတော်သည် မှတ်တမ်းဟောင်း ဌာနအား သူ၏ လက်အောက်ငယ်သားကို ခိုင်းကာ မီးရှို့ခိုင်းလိုက်သည်..။

မင်းကြီးသာ ထိုစာရင်းကို ရရှိသွားပါက သူ၏ စစ်သားစုဆောင်းမှုနှင့် လက်နက်စုဆောင်းမှုကြောင့် ဦးရီးတော်ဟာ နိုင်ငံတော် သစ္စာဖောက်မှုနှင့် ကွပ်မျက်ခံရနိုင်သည်..။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now