Unicodeအရှင့်အလိုတော်အတိုင်း(6)
"ကနာ..ကိုယ်တို့ ထွက်ပြေးကြရအောင်...".
Kao၏ စကားကြောင့် ကနာ ဆွဲ့အလျက်...
တကယ်တမ်းသာဆိုလျှင် အကိုတော်ရဲ့ လက်ကိုဆွဲပြီး ရေမြေအဆုံးထိ ထွက်ပြေးချင်မိတယ်..သိုသော်လည်း....ကနာ လက်ကို ဖြုတ်ချလိုက်ပြီး
"ကနာ မလိုက်နိုင်ဘူး အကိုတော်..."
"ဘာလို့လဲ ကနာ...ဒီလိုမှ ထွက်မပြေးရင် ကိုယ်တို့ ဝေးရတော့မှာ....မင်းသိရဲ့လား...."
ကနာ Kao ကို ကျောခိုင်းလိုက်ပြီး ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်၏။
"ကနာ သိပါတယ်...ဒါပေမယ့် ကနာ တို့အတွက်နဲ့ အပြစ်မဲ့
သူတွေရဲ့ အသက်နဲ့ အဖေနဲ့ အမေရဲ့ အသက်ကို မစတေးနိုင်ဘူး အကိုတော်..."Kao ကနာ၏နောက်ကျောကို ဖက်လိုက်ပြီး...ကနာ ပခုံးထက် မျက်နှာအပ်လိုက်သည်။
"ကိုယ် ကနာကို ချစ်တယ်...ကနာလည်း ကိုယ်ကိုချစ်တယ်မလား"
ကနာ Kao ဘက်သို့ လှည့်လိုက်ပြီး ပြန်လည်ပွေ့ဖက်လိုက်၏။
"ကနာ အချစ်ဆုံးက အကိုတော်ပါ ဘယ်တော့မှ မပြောင်းလဲသွားမဲ့ အမှန်တရားပါ..."
"ကိုယ်တို့ ဒီလိုပဲ ဝေးရတော့မှာလား....ကိုယ် ကနာကို
အဆုံးရူံး မခံနိုင်လို့ပါ....""အကိုတော် ကနာကို ဘယ်တော့မှ မဆုံးရူံးပါဘူး....ကနာ နှလုံးသားထဲမှာ အကိုတော် တစ်ယောက် တည်းပါ.."
ဒီစကားလေးကိုတော့ ထာဝရအတွက်ဖြစ်စေချင်တယ် ကနာ.....
........
မင်းကြီး ညီလာခံ ပြီးကတည်းက စာဖတ်ဆောင်တွင် လျှောက်တင်လွှာများကို ဖတ်နေသည်။
"Lhong ဘယ်ချိန်ရှိပြီလဲ..."
မင်းကြီးက မေးလိုက်တော့
"ညနေစောင်း ချိန် ရောက်နေပါပြီ မင်းကြီး..."
မင်းကြီးလည်း..လျှောက်တင်လွှာများကို ချကာ အဆောင်တော်လှမ်းရန် အပြင်....
အပြင်အစောင့်မှ..."မင်းကြီး အမတ်ချုပ် ဝင်ခွင့်တောင်းပါတယ်..."
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021