P. 26

3.8K 311 1
                                    


Unicode

အရှင့်အလိုတော်အတိုင်း...(26)

"တောက်....အကုန်သတ်ပစ်..."

မင်းကြီး ဒေါသကို မည်သူမှ မတားနိုင်တော့ပါ...

အိပ်ပျော်နေသော ကနာသာလျှင် တားနိုင်မည်...

မင်းကြီး ဒေါသကြောင့် နန်းတွင်းရှိ သမားတော်များ အသက်သေဆုံးခဲ့ရပြီ...

သို့သော်လည်း..အိပ်ရာထက်မှ..ကနာသည် နိုးချင်စိတ် မရှိ...

ကနာ ထပ်အိပ်ပျော်သွားသည်မှာ တစ်ရက် ရှိနေပြီ...

"ဖေဖေ....မေမေ...ဖေဖေ...မေမေ.."

မြူခိုးများ ကြားထဲမှ တစ်ခါမှ မတွေ့ခဲ့ဖူးသော် ကနာ၏ အဖေနှင့် အမေကို ကနာ လှမ်းခေါ်နေသည်...

မျက်နှာမမြင်ကသော်လည်း..အရိပ်နောက်ကို လိုက်နေရင်း..
ဘယ်ဆီကို ရောက်မှန်း..မသိ...

သူအနောက်ကိုလည်း...ဝံပုလွေများလိုက်နေ၍...ပြေးနေမိသည်မှာ...နောက်ဆုံး ပြေးပေါက်ပိတ်သွားတဲ့အထိ..

အဆုံးမရှိတဲ့ ချောက်ကမ်းပါးနားရောက်တော့..ကနာ နောက်ကို ပြန်လှည့်ကြည်မိလိုက်တယ်..

သူနောက်ကို လိုက်နေသူက ဝံပုလွေတွေ မဟုတ်တော့ဘဲ..
သွေးသံတရဲရဲနဲ့ မင်းကြီးဖြစ်နေတယ်..

မင်းကြီးလက်ထဲမှ ဓားဟာ ကနာ ဘယ်ဘက်ရင်ကို ဖောက်ထွက်သွားကာ အဆုံးမရှိတဲ့ ချောက်ကမ်းပါးကို ကျသွားတယ်.....

ထိုအိမ်မက်အပြီးဆုံး ကနာဟာ လန့်ပြီး အိပ်ရာပေါ် ထထိုင်လိုက်မိတယ်...ချွေးဇောများလည်း ပြန်နေ၍...
အသက်ကိုပင် ဝအောင် ရူနေရသည်...

မင်းကြီးကလည်း အလျင်အမြန် ကနာကို တွဲရန် လက်အလှမ်း....

ကနာက လှမ်းလာတဲ့ မင်းကြီး လက်ကို ဖြတ်ချလိုက်တယ်...

ကနာ မျက်ဝန်းများမှလည်း..မျက်ရည်များ ကျဆင်းနေသည်...

"အဟင်း..အင်း...ဟီး..."

ကနာ ထပ်မံ ငိုနေတာကြောင့် မင်းကြီး ဘာလုပ်ရမှန်းမသိ...
သူ့ကိုလည်း အနားအကပ်မခံတာကြောင်​ြ

"တောင်းပန်ပါတယ်..."

မင်းကြီး တောင်းပန်တာကြောင့် ကနာ မင်းကြီးကို ကြည့်လိုက်တယ်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now