P. 17

4.8K 364 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း(17)

ကနာ ကုတင်တိုင်ကို မှီကာ မင်းကြီး တိုက်သော ဆေးကို သောက်နေတယ်....မျက်လုံးထဲမှလည်း ဝမ်းနည်းမှုအပြည့်ဖြင့်။
ကြင်ယာတော် Way သူကို ဒီလိုမျိုး လုပ်တယ်ဆိုတာကို  သူကိုယ်တိုင်ပင် မယုံနိုင်ဘူး...တကယ်ရော ဖြစ်နိုင်ပါမလား
ကြင်ယာတော် Way​ က အစေခံဘဝကနေ တက်လာတာ သူဒီလို လုပ်နိုင်ဖို့ဆိုတာ သူနောက်မှာ အင်အားကြီးတဲ့သူ ရှိမှ ဒါကို ကနာလည်း သိသလို မင်းကြီးလည်း သိနေတယ်...

မင်းကြီး ဆေးခွက်ကို အစေခံက်ိုပေးလိုက်ပြီး...ကနာ ကို စောင်ခြုံပေးကာ...

"အိပ်တော့နော် " ဆိုပြီး နဖူးကို ငြင်သာစွာ နမ်းလိုက်တယ်.

ကနာလည်း မင်းကြီး နမ်းပြီးသည်နှင့် မျက်လုံးငို မှိတ်လိုက်တယ်...မင်းကြီးလည်း ခဏအကြာမှာ ထထွက်သွားတယ် ....

.....................

တော်ဝင်စာကြည့်တိုက်

"မင်းကြီး ညဥ့်နက်နေပါပြီ...မင်းကြီး စက်တော် ခေါ်သင့်ပါပြီး..."မိန်းမစိုးကြီးက မဝံမရဲဖြင့် သတိပေးသော်လည်း...မင်းကြီးက ဂရုမစိုက်....

၁၆နှစ်အတွင်းမှာ တောင်ပိုင်းက အင်အားက တဖြည်းဖြည်းတောင့်တင်းလာခဲ့တယ်....ဒီအ​ခေအနေကိုသာ ဆက်လွှတ်ထားရင် လက်အောက်ခံ နယ်တွေ တဖြည်းဖြည်း တောင်ပိုင်းကို အတုခိုးပြီး ပုန်ကုန်မှာ စိုးမိတယ်....

တစ်ခုတည်းသော မျှော်လင့်ချက်က မင်းသား M ပင်..မင်းသား Mသာ ပုန်ကန်မှုကို မရှင်းလင်းနိုင်ခဲ့ရင် သူကိုယ်တိုင် စစ်ထွက် တိုက်ရမည်....

"မိန်းမစိုးကြီး...စစ်မှုရေးရာက အမတ်တွေကို ဆင့်ခေါ်လိုက်"

ဘယ်လိုပဲ အချိန်တော်တော် မတော်တော် မင်းကြီးဆင့်ခေါ်လျှင် ရောက်လာရမြဲ...

မင်းကြီးလည်း..မိုးလင်းပေါက် စစ်ရေး ဆွေးနွေးပြီး အနားယူရန် အဆောင်တော်ကို ပြန်လာလိုက်တယ်...

အနားယူရန့် နဂါးဝတ်ရုံရှည်ကို ချွတ်ပြီး ကုတင်ပေါ် လှဲလိုက်တယ်....

အဝတ်အမည်းကို ခေါင်းအစ ခြေအဆုံး ဝတ်ထားတဲ့.....လူတစ်ယောက် ကိုယ်ဖော့သိုင်းကျွမ်းကျင်မှုကြောင့် သာမာန်လူဆိုလျှင် ခြေသံပင် မကြားနိုင်..

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now