Unicodeအရှင့်အလိုတော်အတိုင်း (57)
ကနာ အခန်းတွင်းရှိ ခုံလေးတွင် ထိုင်ရင်း ဖခင်စစ်သူကြီးသေဆုံးတုန်းက ရရှိခဲ့သည့် သေမိန့်ကင်းလွတ်ခွင့် တံဆိပ်ပြားအား ကြည့်နေမိသည်။
ပြတင်းပေါက်မှတစ်ဆင့် လေပြေလေးများသယ်ဆောင်လာသော တံတိုင်းမွှေးပန်းရနံကို ကနာ တကယ်နှစ်သက်သည်။
တံဆိပ်ပြားလေးကို ချကာ ပြတင်းပေါက်နားနှင့် အနီးမဝေး
တစ်နေရာတွင် နေကာယူကာ လေအေးလေးများကို ခံစားနေသည်။"အေးတယ်...ဘာကြောင့် ပြတင်းပေါက် ဘေးမှာ ရပ်နေတာလဲ"
"မင်းကြီးကို..ဂါဝ"
ကနာ လှည့်ကြည့်လိုက်တော့ မင်းကြီးဖြစ်နေတာကြောင့်
ဂါဝရပြုရန် ပြင်လိုက်ပေမယ့် မင်းကြီးက တားလိုက်သည်။"တံတိုင်းမွှေးပန်းကို တကယ်ကြိုက်နှစ်သက်ပုံပဲ.."
"ဖြေကြားပါတယ်...မင်းကြီး...နှစ်သက်ပါတယ်..."
"ငါ့ကိုယ်တော်ထက်လား...."
မင်းကြီး၏ စကားကို သဘောပေါက်သော ကနာ၏ မျက်နှာကဘေးမှာ နီရဲလာသည်။
"မင်းကြီး"
မင်းကြီးသည် ကနာကိုယ်လေးအား နောက်မှ သိုင်းဖက်ရင်း ကနာနှင့်အတူ ခန့်ညားလှသည့် တံတိုင်းမွှေးပင်ကြီးအား ကြည့်ရူနေသည်။
"ကျေးဇူးတင်ပါတယ်...မင်းကြီး.."
"ဘာကိုလဲ..."
"အကိုတော်ကို သေဒဏ်က ကင်းလွတ်ခွင့်ပေးတဲ့အတွက်"
"ဒီအတွက်က ကနာကျေးဇူးတင်ဖို့မလိုပါဘူး ဒါပေမဲ့ တကယ် ကျေးဇူးတင်ချင်ရင် တစ်ခြားနည်းနဲတင်လိုရတယ်.."
"ဟမ်...ဘာလို ကျေးဇူးဆပ်ရမလဲ...ကနာ တတ်နိင်မျှ လုပ်ပေးမှာပါ"
"ငါ့ကိုယ်တော်အနားမှာ နောက်ဆုံးချိန်ထိ အတူရှိနေပေးသွားပါ"
မင်းကြီး၏ စကားကြောင့် ကနာလည်း ကျေနပ်မိသည်။
ထိုအရာက သူကိုယ်တိုင်လဲ လိုချင်နေသည့်အရာတစ်ခုမဟုတ်လား။
"အမိန့်တော်အတိုင်းပါ မင်းကြီး.."
မင်းကြီးလည်း ကနာ၏ ကိုယ်လေးကို သူ၏ ရင်ခွင်ထဲသွင်းကာ တံတိုင်းမွှေးပင်ကြီးအား ရူစားနေတော့သည်။
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021