P. 27

3.8K 304 2
                                    


Unicode

အရှင့်အလိုတော်အတိုင်း...(27)

"အဘိုးကြီး..."

လူမလာခင် အသံအရင် ရောက်နေသော ကနာကြောင့်
နဏ္ခဗေဒ အဆောင်မှ အဘိုးကြီး...နေ့တိုင်း အပျင်းပြေနေသည်...

အမြဲတမ်းလို ကြယ်ကို ကြည့်ပြီး အနာဂတ်ကို ခန့်မှန်း
ရတာနဲ သူဘဝကြီးဟာ လက်တွဲဖော်ပင် မရှိဘဲ..အသက်ကြီးခဲ့တယ်...

"အဘိုးကြီး...ကျွန်တော် ခေါ်နေတာ မကြားဖူးလား..."

ရောက်တာနဲ့ အဘိုးကြီး သောက်တဲ့ သီးသန့် ရေနွေ့ကြမ်းကို
သူအဆောင်လိုပင် မှတ်ယူထားကာ လုပ်ချင်တာ လုပ်သည်.

တစ်ခါတစ်လေ အဘိုးကြီး ဆီမှ နက္ခကြည့်နည်းနဲ့ မိုးလေဝသ
ကြည့်နည်းကိုပင် အပျင်းပြေ သင်ယူသေးတယ်..

ကနာဟာ အဘိုးကြီးအတွက်တော့ သားအရင်း တစ်ယောက်လိုပင်...

"မင်း...ငါ့ကို ဘယ်ချိန်ထိ နှောင်ယှက်နေအုံးမှာလဲ..."

လက်ညိုးတထိုးထိုး အပြစ်ဖွဲ့နေသော်လည်း..စိတ်ထဲ မပါမှန်း...ကနာသိသည်..

"ကျွန်တော် နန်းတော်က မထွက်တဲ့ အချိန်ထိ...ဟီး..ဟီး.."

စပ်ဖြဲဖြဲလုပ်ကာ ပြောနေတဲ့ ကနာကြောင့် အဘိုးကြီး..ခေါင်းခါမိတယ်..

*မင်းက ဒီနန်းတော်ထဲမှာပဲ..မင်းသေဆုံးတဲ့အထိ..နေရမှာ..*

"မင်း...အာ..ယို..."

သက်ပြင်းသာ ချပြီး ဘာမှဆက်မပြော....

"အဘိုးကြီး ကျွန်တော်တို့ ငါး သွားမျှားရအောင်..."

အဘိုးကြီးက မျက်စောင်းထိုးလိုက်ပေမဲ့..ကနာက အလှဆုံး
အပြုံးနဲ..

"မလိုက်ဘူး.....လုံးဝ မလိုက်ဘူး..."

"အဘိုးကြီး လိုက်မှာလား..မလိုက်ဘူးလား..."

"မလိုက်ဘူးလို့...လို့..."

"အဘိုးကြီး...."

**************

ကန်ဘောင်ပေါ်မှာ ထိုင်ကာ ငါးမျှားထားတာကို စိတ်ရှည်လက်ရှည် စောင့်နေတဲ့ ကနာ...

အဘိုးကြီးကတော့ မှေးနေရင်း...

ကနာက ရေပြင်ကို ခဲသေးသေးလေးနဲ့ ပေါက်နေတယ်..

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now