Unicodeအရှင့်အလိုတော်အတိုင်း (20)
မြေပြင်လမ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချပ်မှာ
ဝါးရုံတောလေးများ ကာရံထားတဲ့ လမ်းလေးထဲ မြင်းပေါ်က ထိုလူသားနှစ်ယောက် လိုက်ဖက်လွန်းလှသည်။အနက်ရောင် မြင်းစီး ဝတ်စုံနဲ့ မင်းကြီးက အဖြူရောင် မြင်းစီး ဝတ်စုံနဲ့
ကနာကို နောက်မှ သိုင်းဖက်ထားရင်း မြင်း လမ်းလျှောက်ရုံမျှ
သာ စီးလာတယ်..."မင်းကြီး...ကျွန်တော်တို့ ဘယ်သွားမို့လဲ..."
"တစ်နေရာရာပေါ့.... မင်းနဲ့အတူရှိမယ့် ဘယ်နေရာဖြစ်ဖြစ်.."
"မင်းကြီးက ကျွန်တော်အတွက်နဲ့ အချိန်တွေ ဖြုန်းနေတာ
တန်လို့လား မင်းကြီး..."မင်းကြီး ရယ်လိုက်ပြီး...
"မင်းနဲ့ ပတ်သက်သမျှ ငါ့အတွက် တန်ဖိုးရှိတယ် ကနာ.."
*ဒီစကားတွေ က တကယ်ပဲ မင်းကြီး ရင်ထဲက လာတာလား
ဒါမှမဟုတ် ဒီတိုင်းလေ အသုံးဝင်လို့ ပြောလိုက်တာလား..*ကနာ ခေါင်းလေးကို ရှေ့သို ညင်သာစွာ ငုတ်လိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်..
"ကျေးဇူးတင်ပါတယ် မင်းကြီး.."
မနေ့ည...
Lhong ပြန်ထွက်သွားခါနီး မင်းကြီးက တားလိုက်တာကြောင့်
"နေဦး.."
Lhong ပြန်လှည့်လာပြီး အရိုအသေပြုကာ
"မင်းကြီး ဘာမှာကြားစရာရှိလို့ပါလဲ.."
"တကယ်လို့ Yoသာဆိုရင် ကနာ ကို ထိခိုက်လာနိုင်တယ်.."
"ကျွန်တော် ထင်တာ ဒီချိန်မှာ မင်းကြီး ကြင်ယာတော် ကနာကို စိတ်ပူပန်နေမယ့် အစား ..."
"တိတ်စမ်း...."
"ကျွန်တော်မျိုး မှားပါတယ်...ခွင့်လွှတ်ပါ...မင်းကြီး."
Lhong ချက်ချင်း ဒူးထောက်ကာ မင်ကြီးကို တောင်းပန်လိုက်တယ်..."မနက်ဖြန် ငါ့ ကနာကို အပြင် ခေါ်ထုတ်သွားမယ်...."
"ကျေးဇူးတင်ပါတယ်..မင်းကြီး..."
........
"မင်းကြီး...မင်းကြီး..."ကနာ လေခေါ်သံကြောင့် မင်းကြီး တွေးတောမှုကို ရပ်လိုက်တယ်...
![](https://img.wattpad.com/cover/243354409-288-k973187.jpg)
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021