Unicode
အရှင့်အလိုတော် အတိုင်း(2)
အိမ်ရှေ့စံ ညီလာခံမှအပြန် အဆောင်တော်အတွင်းတွင်
စားရေးခုံ၌ ထိုင်ကာ မင်သွေးနေသောကောင်လေး။ထိုကောင်လေးက အိမ်ရှေ့စံရဲ့ အချစ်တော်..စာဖတ်အကူ ကောင်လေး Earth...အိမ်ရှေ့စံမှာ အမြဲလိုလို ညီလာခံက ပြန်လာတိုင်း..
တွေ့ချင်မိသော မျက်နှာ...အိမ်ရှေ့စံ ဝင်ရောက်လာသည်ကို သိသည်နှင့် ထိုကောင်လေးသည် မင်သွေးနေတာကို ရပ်ထားလိိုက်ပြီး ထလာကာ...
"အိမ်ရှေ့စံကို ဂါဝါရပြုပါတယ်..."
"ရပြီ..."
အိမ်ရှေ့စံလည်း စားရေးခုံရှေ့မှာ ဝင်ထိုင်လိုက်ကာ...စုတ်တံကို ကိုင်ပြီး ပြင်းစွာသော ဆွဲချက်နဲအတူ.....ပန်ချီတစ်ခုကို ဖန်တီးလိုက်တယ်...
" ဒီပန်းချီကို မင်းဘယ်လို မြင်လဲ.."
အသက်ရှစ်နှစ်ပင် ရှိသေးသော ထိုကောင်လေးမှာ အရွယ်နှင့် မလိုက်အောင် ရင့်ကျက်လွန်းလှသည် နန်းတော်ထဲတွင် နေထိုင်သည့် မည်သည်ကလေးမဆိည ထိုသိုရင့်ကျက်ပါသော်လည်း အိမ်ရှေ့စံ အနားတွင် နေရသော် သူ့ထက် ရင့်ကျက်နိုင်သူမရှိ....
"ကျွန်တော် လို အစေခံတစ်ယောက်က အိမ်ရှေ့စံရဲ့ ပန်းချီကို
ဝေဖန်နိုင်ဖို့ အစွမ်းအစ မရှိပါဘူး"အိမ်ရှေ့စံကတော့ရေးရေးလေးသာပြုံးလိုက်ပြီး စုတ်တံကိုချလိုက်ကု လက်ဖက်ရည်ကြမ်း သောက်သည့်ခုံတွင် ပြန်ထိုင်လိုက်သည်။
" မင်း ငါကို ခစားတာပဲ ကြာလှပြီ အခုထိ ငါ့ကို မိတ်ဆွေ တစ်ယောက်လို မမြင်နိုင်သေးဘူးပဲကို"
အိမ်ရှေ့စံမှာ ထိုကောင်လေးကို ချစ်ခင်နှစ်သက်နေသော်လဲ
သူတို့နှစ်ယောက်လုံး၏အရွယ်မှာ ငယ်သေးသည်က တစ်ကြောင်း ၊အိမ်ရှေ့စံ ဖြစ်တာကြောင့် အရာရာကို သတိနှင့်
နေနေရသည့်က တစ်ကြောင်း ၊အကြောင်းပြချက်များစွာဖြင့်
နောက်ဆုံး ထိုကောင်လေးကို စာဖတ်အကူ အဖြစ် အနားမှာထားထားလေခြင်း..." ကျွန်တော် မလုပ်ရဲပါဘူး။ကျွန်တော် အဆင့် ကျွန်တော်သိပါတယ်..."
![](https://img.wattpad.com/cover/243354409-288-k973187.jpg)
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021