P. 40

3.3K 263 10
                                    


Unicode

အရှင့်အလိုတော်အတိုင်း (40)

တကယ်တော့ အချစ်ဆိုတာ​ြ
မင်းကြီးလို လူမျိုးနဲ့ မသက်ဆိုင်တဲ့
အရာတစ်ခုပဲ

ချစ်ရတဲ့သူနဲ နိုးထတဲ့ မနက်ခင်းဟာ ကြည်နူးဖို့ ကောင်းသည်..။တစ်နေ့တာ အတွက် ခွန်းအားဖြစ်စေသလိုပဲ..။ မင်းကြီးအနားမှာ ရှိချိန်တိုင်း ကနာ
နွေးထွေးသည်..။ သို့သော် ဒီလို နွေးထွေးမှုတွေဟာ ကြာရှည်ခံပါမလား..။

ကနာ မနက်ခင်းနိုးတော့ မျက်လုံးမဖွင့်ခင် ဘေးနားကို စမ်းကြည့်မိသည်..။ ကနာ ဘေးနားတွင် နေရာ အလွတ်ကြီး..။

ကနာလည်း မျက်လုံးဖွင့်ကာ ကုတင်ပေါ်တွင် ထထိုင်လိုက်သည်..။ ပြီးတော့ Pen ဝင်လာကာ ကနာကို
မျက်နှာသစ်ရန် လုပ်ဆောင်ပေးသည်..။

"မင်းကြီးရော ဘယ်ချိန်က သွားတာလဲ.."

"ဖြေကြားပါတယ် ကြင်ယာတော် မနက်ခင်း မိုးမသောက်ခင်ကတည်းကပါ.."

ကနာလည်း ပြတင်းပေါက်နားသို့ သွားကာ ပြတင်းပေါက်ကို
ဖွင့်လိုက်ပြီး ပြတင်းပေါက်မှ တစ်ဆင့် လေအေးလေးတွေက
ကနာ မျက်နှာကို လာရိုက်ခတ်တယ်..။

ကနာကတော့ ထိုလေအေးလေးများကို ခံစားရင်း မျက်နှာထက်တွင် အလိုလို ပြုံးမိလာသည်..။

ထိုလေအေးလေးနဲ့ အတူ ကနာ ခံစားမိသည်မှာ လွတ်လပ်ခြင်းပင်..။လူတစ်ယောက်က ကိုယ့်အချိန်တွေ နီးလာရင် စိတ်က ပေါ့ပါးနေတတ်သည်..။

ကနာသည်လည်း ယခုတလော လွတ်လပ်ခြင်းကိုသာ တမ်းတနေသည်..။နန်းတော်မဝင်ခင်က သူ၏ နေ့ရက်များဟာ သူကို လှောင်ရယ်နေသလိုပင်..။

ရုတ်တရက် ပခုံးပေါ်က လေးလာတာကြောင့် ကနာ သတိကပ်လာပြီး ကြည့်မိလိုက်တော့ Penက သူအား
အနွေးဝတ်ရုံရှည် ခြုံပေးနေသည်..။

"ကျေးဇူးနော်.."

ကနာ ထိုသို့ ပြောပြီး ပြတင်းပေါက် အပြင်ဘက်ရှိ ကနာ ခြံဝင်းတွင် စိုက်ထားသော တံတိုင်းမွှေးပင်ကြီးကို ကြည့်နေမိသည်...။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now