Unicodeအရှင့်အလိုတော်အတိုင်း(48)
"ကျွီ..."(တံခါးဖွင့်သံ)
နန်းဆောင်အတွင်းသို့ တစ်စုံတစ်ယောက် မည်သူမှ မသိအောင် တိတ်တိတ်ကလေး ခိုးဝင်လာသည်။
ထို့နောက် ကုတင်ပေါ်တွင် အေးချမ်းစွာ အိပ်စက်နေသော
မိဖုရား Su ၏ ပါးပြင်လေးကို ညင်သာစွာ ထိလိုက်ရင်း"ကိုယ်...မင်းကို ဒီလို အနီးကပ်မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ.."
ပါးပြင်ပေါ်က အထိအတွေ့ကြောင့် အအိပ်စက်သည့် မိဖုရား
Su နိုးလာကာ ထိုလူကို တွေ့တော့ ချက်ချင်း ခေါင်းအုံးအောက်မှ ဓားမြှောင်လေးကို ထုတ်ကာ ထိုလူ၏ လည်ပင်းသို့ တင်လိုက်သည်။အမှောင်ကြောင့် မျက်နှာကို သေချာစွာ မမြင်ရသည်မို့...
"ဘယ်သူလဲ...ဘာကြောင့် ငါ့မိဖုရားရဲ့ အိပ်ဆောင်ကို
ရောက်နေတာလဲ..."ထိုလူသည် မိဖုရားSu ၏ မျက်နှာလေးအား ညင်သာစွာ နောက်တစ်ကြိမ် ထပ်မံကိုင်လိုက်သည်။
မိဖုရား Su လည်း ကုတင်ပေါ်မှ ပြေးဆင်းကာ အပြင်မှ အစောင့်ကို လှမ်းခေါ်ရန် ပြင်လိုက်ပေမဲ ထိုလူက မိဖုရားSu
၏ နောက်ကျောသေးသေးလေးက ဖက်ကာ"တောင်းပန်ပါတယ်။ကိုယ် ဒီလိုမျိုး မင်းအိပ်နေတဲ့အချိန် ခိုး
မလာသင့်ဘူးဆိုတာ သိပါတယ်။ဒါပေမဲ့ မင်းကို လွမ်းနေခဲ့တာ""ဦးရီးတော်..."
မိဖုရားSuလည်း ရုတ်တရက်မို့ မရုန်ကန်မိပေမဲ့ ဦးရီးတော်
စကား ပြီးဆုံးသည့် အခါမှာတော့ ဖယ်ကာတွန်းထုတ်ပစ်လိုက်သည်။"အပြုအမှု ဆင်ခြင်ပါ ဦးရီးတော်။"
"တောင်းပန်ပါတယ်.."
"ဦးရီးတော်နဲ ကျွန်မကြားမှာ တောင်းပန်စရာ မရှိပါဘူး။
ကျေးဇူးပြုပြီး ထွက်သွားပေးပါ..""ကိုယ်မင်းကို လွမ်းနေခဲ့တာ..ဒီလိုမျိုး စကား မပြောရတာ
ဘယ်လောက်ကြာပြီလဲ....""ကျေးဇူးပြုပြီး.."
"ကိုယ့်ကို အချိန်နဲနဲလောက်ပဲ ပေးပါ..နော်.."

ESTÁS LEYENDO
အရှင့်အလိုတော်အတိုင်း (Complete)
Ficción histórica#MewGulf Fan Fic. end date = january 16 2021