Unicodeအရှင့်အလိုတော်အတိုင်း(4)
"ဟမ်..ကနာလေး..."
ရုတ်တရက် ဝင်လာပြီး ဖတ်လိုက်တဲ့ ကနာကြောင့် Kao
လန့်သွားမိသည်။"ကိုကို..ကနာ ကြောက်လို့....."
ဖက်ထားတဲ့ လက်ကို လွှတ်ပြီး မျက်ရည် အဝိုင်းသားနဲ့ ပြောနေတဲ့ ကနာကြောင့် Kao အခန်းထဲမှာပင် သိပ်လိုက်ရသည်။ ဤသည်မှာ မိုးသည်းထန်စွာ ရွာတိုင်းဖြစ်တတ်သည့် ဖြစ်ရပ်ဖြစ်သည်။ ကနာလေးငယ်စဥ်က အဖေနှင့်အမေကြားတိုး၍အိပ်သော်လည်း အရွယ်ရောက်လာသည့်အခါ Kao ကိုသာအပူကပ်တော့သည်။
အကိုတစ်ယောက်ထက်ပိုပြီး ခံစားချက် ရှိနေတဲ့အတွက် တောင်းပန်ပါတယ်...ကနာ.....
.......
မင်းကြီး ကွယ်လွန်သော် တစ်ပတ်မြောက်နေ့ ထိ
တစ်တိုင်းပြည်လုံးရှိ ပြည့်သူများ မှူးမတ်များ စစ်သည်များ မိဖုရား မောင်းမများ မင်းသားများ စသည်ဖြင့် ပူဆွေးဝမ်းနည်းနေကြသည်။မင်းကြီး နတ်ရွာစံခါစ ပြည်တွင်း မငြိမ်မသက်မှုများ
ပုန်ကုန်ချင်သူများကြောင့် အိမ်ရှေ့စံ ထီးနန်းကို အမြန်ဆက်ခံခဲ့ရသည်....ထီးနန်းဆက်ခံမှုဖြင့် အလုပ်ရှုပ်နေမှု မှုးမတ်များ တိုက်ခိုက်မှုကြောင့် အိမ်ရှေ့စံမှာ Earth ကိစ္စကိုပင်
မေ့လျော့နေခဲ့သည်။တော်ဝင်စာကြည့်တိုက်ရှိ စားပွဲတွင် ထိုင်ကာ လျှောက်တင်လွှာများ ဖတ်ကာ အလုပ်ရှုပ်နေသည်...
"မင်းကြီး ည သန်းခေါင်ယံ ကြာမြင့်နေပါပြီ...မင်းကြီး စက်တော် ခေါ်သင့်နေပါပြီး"
"ငါ့ကိုယ်တော် အလုပ် မပြီးသေးဘူး..."
မင်းကြီး ဘေးနားက မိန်းမစိုးကပင်ဝင်မပြောနိုင်.....
ခဏအကြာ......
မင်းကြီး (Mew) အဆောင်တော်ကို ကြွလာတယ်...
မင်းကြီး စိတ်ထင် Earth က စောင့်ကြိုနေမည့် အထင်..အဆောင်အတော်အတွင်း ဝင်လိုက်သော်အခါ....
မှောင်မည်းနေသော အခန်းငယ်လေးကို မည့်သည့်အစေခံမှ
သန့်ရှင်းရေး လုပ်ခြင်း မရှိ။လွတ်နေသည့်အခန်းငယ်လေးကိုမြင်လိုက်ရမှ အခန်းပိုင်ရှင်လေးဟာ စွန့်ခွာသွားပြီမှန်း အမှတ်ရလိုက်သည်။

YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021