Unicodeအရှင့်အလိုတော်အတိုင်း(50)
ညီလာခံပြီး၍ မင်းကြီး စာဖတ်ဆောင်တွင် အချိန်ဖြုန်းနေသည်။
"မင်းကြီး...မင်းသားM တွေ့ခွင့် တောင်းနေပါတယ်."
"ဝင်ခဲ့"
"အကိုတော်ကို ဂါဝရပြုပါတယ်"
"ရပြီ..."
မင်းကြီးသည် ဖတ်လက်စ စာအုပ်အား ဘေးရှိ စားပွဲသို့ ချလိုက်သည်။
"အခြေအနေ"
ထိုစားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်ကို ကိုင်ကာ မော့သောက်ရင်း
မေးလိုက်သည်။"Kaoကို ဖမ်းမိလိုက်ပါတယ်။ဒါပေမဲ့ တရားမဝင်တဲ့ လက်နက်ထုတ်လုပ်မှုက အယောင်ပြယုံ သက်သက်ဖြစ်နေပါတယ်......တကယ့် လက်နက်တွေကိုတော့ တစ်ခြားနေရာကို ရွေ့ပြောင်းသွားတဲ့
အတွက် ကျွန်တော်တို့ ခြေတစ်လှမ်း နောက်ကျခဲ့ပါတယ်""ကျစ်....မြေခွေးအိုကြီး...ဘာအကြံအစည်တွေရှိနေလဲ မသိဘူး.."
"အကိုတော်..... ကျွန်တော်တို့ ခမည်းတော် နှစ်ပတ်လည် နေ့မတိုင်ခင်....တွေ့ရှိပါ့မလား.."
"ရတယ်...မြေခွေးက အဖွက်ကောင်းတော့လဲ.... ငါ့တို့
ထိပ်တိုက်ရင် ဆိုင်ရုံပေါ့...""တောင်းပန်ပါတယ်..ညီတော် တာဝန်ကိုကျေပွန်အောင်
မထမ်းဆောင်နိုင်ခဲ့ပါဘူး......ဦးရီးတော် အိမ်တော်က
လွှတ်ထားတဲ့ သူလျှိုတွေလဲ အသတ်ခံလိုက်ရပါတယ်.""အို...ဒီလိုတော့ အဖိုးကြီးက သိနေပြီပေါ့...သွားလိုရပြီ.."
"ဟုတ်ကဲ့..."
"နေဦး..."
လှည့်ထွက်ရန် ပြင်ဆင်နေသည့် မင်းသားM၏ ခြေထောက်များ ရပ်တန့်သွားသည်။
"Kaoအဖမ်းခံထားရတယ်ဆိုတာ ကနာ မသိစေနဲ့..."
"အမိန့်တော်အတိုင်းပါ.."
..................
"ဒီမှာကြည့်...ဓားလေး...လှလား..."
Noသည် တစ်ခြားတိုင်းပြည်ရှိ ကုန်သည်ကြီးဆီမှ တန်းကြေးပေးကာ ဝယ်ခဲ့သော ဓား။
ထိုဓားက သာမန်မဟုတ်တာတော့ သေချာသည်။
သေချာစွာ စီမံထားပြီး နမည်ကြီး ဓားသွင်းလုပ်သူ လုပ်ထားသည့် ဓားမျိုးဖြစ်သည်။

ESTÁS LEYENDO
အရှင့်အလိုတော်အတိုင်း (Complete)
Ficción histórica#MewGulf Fan Fic. end date = january 16 2021