Unicodeအရှင့်အလိုတော်အတိုင်း.(54)
"ကြင်ယာတော်..."
ကနာ ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။
"ဆေးသောက်ရအောင်လေ..."
Penမှကနာအား ဆေးခွက်ကို ပေးလိုက်သည်။
ကနာလည်း ဆေးသောက်ပြီး ဆေးခွက်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။
"Pen....အကိုတော်..အဆင်ပြေပါ့မလား..."
Penလည်း ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အပြင်ဘက်ရှိ တံတိုင်းမွှေးပင်ကြီးအား ငေးနေသည့် ကြင်ယာတော်၏ ပခုံးများကို ညင်သာစွာ နှိပ်နှယ်ပေးနေသည်။
"သခင်လေး Kao အဆင်ပြေမှာပါ..ကြင်ယာတော် စိတ်မချရင် ကျွန်မ နောက်ထပ် အကျဉ်းထောင်ကို သွားကြည့်ပေးပါ့မယ်..."
ဟိုတစ်နေ့က ကနာ အကျဉ်းထောင်မှာ မေ့လဲပြီးတကည်းက မင်းကြီးက ကနာကို အကျဉ်းထောင်ကို သွားခွင့် ပိတ်သိမ်းလိုက်တယ်..။
"အဆင်ပြေတယ်ဆိုရင်...ကျေနပ်ပါတယ်..."
"သခင်လေး Kao အဆင်ပြေမှာပါ...မင်းကြီးကလည်း ပြစ်ဒဏ်ကို လျော့ပေါ့ပေးမှာပါ...ဒါကြောင့် စိတ်မပူဘဲ
ကြင်ယာတော်သာ ကျန်းမာအောင်နေပါ..ဒါကလဲ...သခင်လေး Kao အလိုရှိတဲ့ အရာတစ်ခုပါ...""အမ်...မင်း ပြောတာ မှန်တယ်..."
အဘိုးကြီးရဲ ဆေး သောက်ပြီးကတည်းက ကြင်ယာတော်
အဆိပ်ကြောင့် ဖြစ်တဲ့ ဒဏ်ကို မခံစားရေတာ့ဘဲ သာမာန်လူတစ်ယောက်လို နေရတာ အဆင်ပြေလာတယ်...။
နှလုံးရောဂါကတော့ ရှိသေးပေမဲ့လို့ပေါ့...။"ကြင်ယာတော်ကို ဂါဝရပြုပါတယ်..."
ကနာ ကြည့်လိုက်တော့ ကိုယ်လုပ်တော် Zen....
"အော်...ကိုယ်လုပ်တော်...Zen...."
"ကြင်ယာတော် တစ်ယောက်တည်း ပျင်းနေမှာ ဆိုးလို့
ကျွန်မလာအဖော်ပြုပေးတာပါ...မင်းကြီးကလည်း ဆန္ဒရှိတော့....""အော်...ဒါဆို...မင်း ဆန္ဒမပါဘူးပေါ့...."
ကိုယ်လုပ်တော် Zenကတော့ မင်းကြီးက ကနာအတွက် သူကို လွှတ်လိုက်တယ်လို့ ပြောချင်ပေမဲ့ ကနာမေးတဲ့ စကားကြောင့် သူစကားနှင့် သူ ပြန်ပိတ်မိနေတော့သည်။
YOU ARE READING
အရှင့်အလိုတော်အတိုင်း (Complete)
Historical Fiction#MewGulf Fan Fic. end date = january 16 2021