P.5

6.7K 466 1
                                    

unicode

အရှင့်အလိုတော်အတိုင်း

မင်းကြီး Long နှင့်အတူ ဓားရေး လေ့ကျင့်နေသည်။
ချယ်ရီပန်းပင်များအောက်တွင် ဓားရေးလေ့ကျင့်နေသော မင်းကြီးသည် တည်ကြည်ပြီး ဓားတစ်ချောင်းလို ပြတ်သားလှသည်။

"မင်းကြီး..ဆင့်ခေါ်ခိုင်းထားတဲ့ စစ်သူကြီးအိမ်တော်က သခင်လေး ရောက်ပါပြီး..."

မိန်းမစိုး ရဲ့ လျောက်တင်ချက်ကြောင့် မင်းကြီး ဓားရေးဆော့နေရင်း ဓားကို နောက်ပြန်သိမ်းလိုက်ပြီး
ရောက်ရှိနေသော် ကနာ အား ခေါင်းစခြေဆုံး ကြည့်လိုက်သည်။

တစ်ကိုယ်လုံး အဖြူရောင် ဖြင့် ဖုံးလွှမ်းထားသော်လည်း
သွယ်လှသော ပေါင်တံ ခြေသလုံးလေးတွေကို နေရောင်ထိုးနေမှုကြောင့် မြင်နေရသည်....

"ကနာ..မင်းကြီးကိုဂါဝရပြုပါတယ်..."

"ရပြီ...."မင်းကြီးက ကနာရှေ့ကို ဓားတစ်ချောင်းပစ်ချလိုက်တော့...ကနာ ကိုယ်လေး တုန်တက်သွားတယ်....

"ဓားကိုင်လိုက်...ငါနဲ့ တစ်ခါလောက်..ဓားရေးဆော့ကြည့်ရအောင်....."

"ကနာ..ကနာ..ဓားရေး မကျွမ်းကျင်ပါဘူး..."

"မင်း..က ယောကျာ်းမဟုတ်ဘူးလား....ဓားရေးတောင်....မဆော့တတ်တာ....နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲ"

"ကနာ..ကနာ..."ကြောက်လွန်း၍ စကားပင် မထထွက်လာနိုင်။
ပထမဆုံး အကြိမ် မင်းကြီး နှင့် တွေ့ဆုံရခြင်း ဖြစ်သည်မဟုတ်လား။

မင်းကြီးက အချက်ပြလိုက်သဖြင့် ဘေးနားတွင် ရှိသော်..
Lhongနှင့်တကွ အစေခံများ ထွက်သွားကြသည်...

မင်းကြီးလည်း...ဓားကို ပိတ်စဖြူဖြင့် သန့်ရှင်းရေးလုပ်ရင်း..

"မင်းက စစ်သူကြီး အိမ်တော်ရဲ့သား...ငါ့ကိုယ်တော်မင်းကို
ကြင်ယာတော်မြောက်မယ်...."

ကနာတစ်ယောက် ကြောင်လျက်...
စစ်သူကြီး အိမ်တော်ရဲ့ သခင်လေးကို ကြင်ယာတော်မြောက်
မယ်ဆိုတာ...တစ်ဖက်နည်းလမ်းနဲ့ အရှက်ခွဲလိုက်ခြင်းပင်...။ကြီးထွားလာသည့်စစ်သူကြီး၏အာဏာကို ထိန်းချုပ်နိုင်ဖို့အတွက် သူ့ကို ဓားစာခံအဖြစ် နန်းတွင်းထဲသို့ သွယ်ဝိုက်ခေါ်ဆောင်ခြင်းဆိုတာ ကနာ သိ၏။

အရှင့်အလိုတော်အတိုင်း  (Complete)Donde viven las historias. Descúbrelo ahora