Unicode
ဖန်ရှင်းကိုယွီပင်းကလိုက်ပို့ကာ အိမ်အောက်မှာ ဝမ်ဦးလေးတို့နဲ့စကားပြောရင်း ထိုင်စောင့်နေတယ်။ ဖန်ရှင်းကတော့ရောက်တည်းကသူအညံ့ဆုံးဘာသာရပ်ဖြစ်တဲ့သင်္ချာကိုသာထိုင်တွက်နေတယ်။ နားမလည်တဲ့နေရာဆိုရင်ရှောင်ကျန့်ကိုမေးလိုက် မေးခွန်းဟောင်းတွေကြည့်ပြီးတွက်လိုက်အဖြေစစ်လိုက်နဲ့သူ့ဟာနဲ့သူဟုတ်နေတာပဲ
ရှောင်ကျန့်ကတော့ဘေးကနေပျင်းလို့ အိပ်ငိုက်လာပြီ ဘာမှလည်းသိပ်မရှင်းပြရတော့ရှောင်ကျန့်စားပွဲပေါ်ခေါင်းစောင်းကာမှေးနေလိုက်တော့တယ်။
ဖန်ရှင်းနားမလည်တဲ့တစ်ခုကိုမေးမလို့ကြံတုန်းဘေးကိုကြည့်လိုက်တော့ ဆရာကအိပ်ပျော်နေပြီ
အိပ်ပျော်နေတာကြောင့်မနှိုးတော့ဘဲ သူလည်းပြန်ချင်နေတာနဲ့စာအုပ်တွေကောက်သိမ်းပြီးအပေါ်ထပ်မှဆင်းလာလိုက်တယ်။
ဆင်းလာတဲ့ဖန်ရှင်းကိုမြင်တော့ယွီပင်းလည်းအနားသွားကာမေးလိုက်တယ်။
"ပြီးသွားပြီလား"
"ဟုတ် ကော
ဪ ရိပေါ်ကော အပေါ်မှာရှောင်ကျန့်ကောရယ်စားပွဲပေါ်မှာခေါင်းစောင်းပြီးအိပ်ပျော်နေပြီ အဲ့ဒါသွားပြီးအိပ်ယာပြင်ပေးလိုက်ပါအုံး""အေးပါ"
အိပ်နေပြီကြားတာနဲ့ရိပေါ်လည်းအပေါ်သို့တက်ကာ အိပ်ယာပြင်ပေးရတော့တယ်။
ဖြစ်ရမယ် စာသင်တဲ့လူကအိပ်ပျော်နေရတယ်လို့ပဲ
အိပ်ပျော်နေတဲ့ရှောင်ကျန့်ကိုပွေ့ချီပြီးသေချာသိပ်လိုက်တယ်။ ပါးစပ်ကတလှုပ်လှုပ်နဲ့အိပ်မက်ထဲမှာဘာတွေစားနေလဲမသိဘူး
ရိပေါ်လည်းဘေးတွင်ဝင်လှဲကာအိပ်လိုက်တော့တယ်။
ရိပေါ်အိပ်မက်ထဲမှာ ကျောက်တုံးပိနေလို့မထနိုင်ဖြစ်နေတယ်။ ကျောက်တုံးကြီးကလည်းဘယ်လိုဖယ်ဖယ်ရွေ့တောင်မသွား ကြာတော့အသက်ရှူကြပ်လာသလိုရှိလာတယ်။
ဘယ်လိုမှဖယ်မရတဲ့ကျောက်တုံးကိုနောက်ဆုံးတော့အားကုန်သုံးကာတွန်းချလိုက်တော့ အားဆိုတဲ့အသံကနားစည်ထဲထိဝင်လာတယ်။
KAMU SEDANG MEMBACA
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
Fiksi PenggemarWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...