Unicode
အပြင်ထွက်ဖို့ပြင်နေတဲ့ရှောင်ကျန့်ကို ရှောင်ပါးကရေနွေးသောက်နေရင်းလှမ်းပြောလိုက်တယ်
"ဒါကဘယ်တုန်း "
"ဟို... ရွာထဲခဏပါအဖေရဲ့ မကြာဘူးခဏလေးတင်"
"ရွာထဲသွားမှာလား ဒါဆိုပြန်လာရင်လက်ဖက်ခြောက်ဝယ်ခဲ့ပါအုံး
အိမ်ကဟာကကုန်တော့မယ်""ဟုတ် အဖေ"
"နေစမ်းပါအုံး
ရှောင်ကျန့်... နင်လည်းလေ တစ်နေ့နေ့လတ်ယားလတ်ယားနဲ့ ဘေးအိမ်ကဝမ်လေးကိုကြည့်စမ်း!
မိဘအလုပ်အကိုင်ကိုဦးဆောင်လုပ်နေတာ နင်နဲ့များကွာပါ့"ရှောင်မားကအမြည်းပန်းကန်ချရင်းပြောလေသည်။
"အဲ့နံနံပင်ကောင်နဲ့မနှိုင်းပါနဲ့အမေရာ..."
"ဘာလဲ ဝမ်လေးသိက္ခာကျမှာစိုးလို့လား"
"ဟာ...အမေ့! "
ရှောင်ကျန့်ရဲ့စောင့်အောင့်အော်သံကြောင့်ရှောင်မားကဘာလဲဆိုပြီးမျက်လုံးပြူးပြတယ် ရှောင်ပါးကတော့သဘောတကျပြုံးလို့
"ကဲ သားရေ သွားတော့မှာမလားသွားတော့
ပြန်လာရင်လက်ဖက်ခြောက်ဝယ်ခဲ့ဖို့သာမမေ့နဲ့""ဟုတ်ကဲ့ပါ အဖေ
အမေနော် ပြောထားအုံးမယ် နောက်တစ်ခါသားကိုအဲ့နံနံပင်ကောင်နဲ့ထပ်မယှဥ်နဲ့ မကြိုက်ဘူး!""အမယ် သူကပဲမကြိုက်ရတယ်ရှိသေး
ဝမ်လေးကနင့်ထက်အဆတစ်ရာသာတယ် အလုပ်လုပ်ရင်လည်းလက်ကြောတင်းတယ် နင်ကတော့ပျင်းတဲ့နေရာနှစ်ယောက်မရှိ
ခုထိအဖေနဲ့တူတူလယ်လုပ်မယ်မရှိဘူး အိမ်ကအလုပ်တောင်အနိုင်နိုင်ရယ် တစ်ခါတစ်လေလည်းဝမ်လေးကိုသာ သားတော်လိုက်ချင်တော့တယ်""ဝမ်လေး ဝမ်လေးနဲ့ ပါးစပ်ဖျားကမချနဲ့တော့
သားကတော့သွားပြီ ဒါပဲ."ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့သားဖြစ်သူကိုကြည့်ပြီးရှောင်မားက
"ပြောလိုက်ရင်အဲ့အတိုင်းပဲ"
"မင်းကလည်း သားကသူမလုပ်ချင်သေးလို့ပါ လုပ်ချင်ရင်ဝင်လုပ်မှာပေါ့"
VOUS LISEZ
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...