Unicode
တရားဝင်ချစ်သူဖြစ်ပြီးငါးလအကြာ...
"ဝမ်ရိပေါ် ဘယ်လိုဖြစ်နေတာတုန်း"
စိတ်မရှည်စွာထွက်လာတဲ့အသံနောက်မှာတော့ ညူတူတူအသံကပါနောက်ကဆက်ထွက်လာတယ်။
"သွားမဖြေလို့မရဘူးလား ကိုကိုတစ်ယောက်လုံးကိုတော့ကျွန်တော်မသေမချင်းရှာကျွေးနိုင်ပါသေးတယ်"
"ငါ့ကိုမိန်းမအရာသွင်းပြီးမင်းလုပ်စာပဲထိုင်စားခိုင်းနေတော့မှာလား"
"အာ အဲ့လိုသဘောမျိုးမဟုတ်ဘူးလေ
ကိုကိုရာ ကျွန်တော်ပြောချင်တာနားလည်ရဲ့သားနဲ့ ကိုကို့ကိုမပင်ပန်းစေချင်လို့ အဲ့ကလေးပိစိတွေကိုစာသင်ရတာဘယ်လောက်ပင်ပန်းလိုက်မလဲလို့
အိမ်မှာပဲကျွန်တော့်ကိုကလေးလုပ်ပြီးစာသင်ပေးလေ နော်""ဝမ်ရိပေါ်!!"
အော်သံနောက်မှာတော့ ဟွန့်ခနဲအသံပိစိလေးထွက်ပြီးငြိမ်ကျသွားလေရဲ့
မနက်ဖြန်ကိုယ်ကကျောင်းဆရာလျှောက်ထားတာလူတွေ့ဖြေရမှာကြောင့်ပြင်ဆင်စရာရှိတာပြင်ဆင်နေတာကိုဘေးနားလာပြီး လူတွေ့သွားမဖြေဖို့ကိုဂျီကျနေတာ
ပြီးတော့ကိုယ်ကလူတွေ့သွားဖြေတာတင်မဟုတ်သေးဘူး သူ့အတွက်ကျောင်းလည်းပြန်အပ်ပေးမလို့ကို
ရိပေါ်ကကျောင်းမပြီးသေးလို့ဘွဲ့ကမရသေးဘူး မေမေနဲ့ဖေဖေကတော့သူ့သားကိုကျောင်းပြီးတဲ့အထိတက်စေချင်နေတယ်
ပြီးခဲ့တဲ့အပတ်တည်းကရှောင်ကျန့်ကိုပြောလာခဲ့တာ ရိပေါ်ကိုကျောင်းပြန်တက်ဖို့ဖျောင်းဖြဖို့ကိုဒါပေမယ့် ရှောင်ကျန့်ကတော့ရိပေါ်ကိုဖျောင်းဖြတဲ့အလုပ်ကိုလုပ်စရာပင်မလို ရိပေါ်ကသူတက်ဆိုရင်တက်မယ့်လူ
ဒါပေမယ့်သူသိတယ် ငဂျစ်ကပေကပ်ပြီးသူ့အနားကနေအဝေးကိုမသွားချင်ဘူးဆိုပြီးဂျီကျအုံးမှာအဲ့ဒါကြောင့်သူမသိအောင်မနက်ဖြန်ကျောင်းအပ်ခဲ့မှာ သူလည်းတကယ်လို့ဆရာအလုပ်ရသွားရင်သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ရိပေါ်ကိုကျောင်းထားပေးလို့ရပြီ
အခုချိန်ထိဘာပဲဖြစ်ဖြစ်မိဘအပေါ်ကိုပဲမှီခိုနေရတာ သိပ်တော့မကောင်းတော့ဘူးမလား
အိမ်ထောင်ပဲကျနေပြီကို
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...