part-19 (Z+U)

3.7K 344 10
                                    

Hello မေ့နေကြပြီလား ​မေ့​နေမှာစိုးလို့MPTကအင်တာနက်ပြတ်တောက်ပြတ်တောက်လေးရတုန်းလာတင်တာ
မကြာတော့ပါဘူး နီးလာပါပြီ

Unicode

သုံးနှစ်အရွယ်ကလေးလေးတစ်ယောက်ခြံထဲမှာထိုင်ကာတုတ်တစ်ချောင်းနဲ့မြေကြီးတို့အားထိုးဆွနေတယ်။ ထိုစဥ်ဘေးအိမ်မှထူးဆန်းတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

သူငိုရင်ထွက်တဲ့အသံမျိုးလေး ဒါပေမယ့် ဒီအသံကပိုကျယ်တယ်။

ကလေးပီပီစပ်စုချင်စိတ်ကြောင့် တစ်ဖက်ခြံစည်းရိုးနားကိုကပ်ပြီးအိမ်ထဲသို့ချောင်းကြည့်လိုက်တယ်။ ဒေါ်ဒေါ်အသံကိုကြားတော့ရှောင်းကျန့်ခြံစည်းရိုးကိုငုံ့ကာဝင်သွားလိုက်တယ်။ လမ်းမလျှောက်တတ်လျှောက်တတ်နဲ့သွားနေရတာကြောင့် မြန်မြန်တော့မသွားနိုင်ခဲ့ဘူး။ သူ့စိတ်ထဲမှာတော့ဒီလမ်းကဒီလောက်ပဲရှည်သလားပေါ့

အသံကျယ်ကျယ်ကလည်းခုထိမရပ်သေးသလို ဒေါ်ဒေါ့်အသံကလည်းမရပ်သေးဘူး

ရှောင်းကျန့်အိမ်ထဲကိုဝင်လာတာမြင်တော့ ဦးလေးဝမ်ကချီခေါ်ကာ ဒေါ်ဒေါ့်ဆီကိုခေါ်လာတယ်။ နှုတ်မှလည်း

"ကျန့်ကျန့်ကညီလေးကိုလာကြည့်တာလား"

ညီလေး...

ဒေါ်ဒေါ့်လက်ထဲမှနီတာရဲသေးသေးလေးကတွန်းကန်ကာအသံကလည်းခုထိထွက်တုန်း

ရှောင်းကျန့်မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ ညီလေးသေးသေးလေးမှာ ကျန့်ကျန့်လိုပဲပါးဖောင်းဖောင်းကြီးတွေရှိတယ်။  အော်ငိုနေတာကြောင့်အာခေါင်နီနီလေးကိုတောင်မြင်နေရပြီ။

"ကျန့်ကျန့် ညီလေးကိုကိုင်ကြည့်ချင်တယ်"

"ညီလေးကိုကိုင်ကြည့်ချင်လို့လား"

"အွန်း အွန်း"

ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြကာပြောတော့ ဦးလေးဝမ်ကသဘောတကျရယ်ကာ ညီလေးသေးသေးလေးရဲ့ရှေ့ကိုချပေးတယ်။

ကျန့်ကျန့် ညီလေးရဲ့ကားယားကားယားဖြစ်နေတဲ့လက်လေးကိုမရဲတရဲကိုင်ကြည့်လိုက်တယ်။ချက်ချင်းပဲအော်ငိုနေရင်းမှတိတ်သွားပြီး ပြန်ဆုပ်ကိုင်လာတဲ့လက်ဖဝါးသေးသေးလေးကြောင့်ကျန့်ကျန့်ပျော်သွားတယ်။

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now