part-6 (Z+U)

4.2K 459 23
                                    

Unicode

Unicode

ရိပေါ်အိမ်မှာ ကြက်စာကျွေးနေတုန်းယွီပင်းကလာခေါ်တယ်

"ဝမ်အကိုလေးရေ ရွာထိပ်မှာပွဲရှိတယ်
သောက်ရစားရအောင်သွားကြရအောင်"

"ဘာလဲ ခဏနေပဲမှောင်တော့မှာကို"

"မှောင်လည်းဘာဖြစ်လဲကွ မီးပုံပွဲလည်းလုပ်အုံးမှာလေ မှောင်တော့ကောင်းတာပေါ့"

"ဘာတွေစားရမှာလဲ"

"ကြက်သားကာလသားချက်ရယ် လယ်ကြွက်ကြော်ရယ် ပြီးရင်ငါးလည်းကင်အုံးမှာတဲ့ ထန်းရည်ရောအရက်လေးလည်းနည်းနည်းပါမှာပေါ့ အဟဲ"

သူတို့ရွာမှာကာလသားရံပုံငွေထဲမှပိုလျှံနေတဲ့ငွေတစ်ချို့ကိုဒီလိုပဲ သူတို့လူငယ်တွေပေါင်းပြီးသုံးပစ်လိုက်တာပင် သုံးလေးလမှတစ်ခါလောက်သာယခုလိုပွဲမျိုးလုပ်ကြတာကြောင့်ရွာရှိလူကြီးတွေကလည်းဘာမှမပြောကြပေ ပြီးတော့ရွာမှအလုပ်တော်တော်များများကိုလည်းသူတို့လူငယ်တွေပဲဦးဆောင်ကာလုပ်ရတာကြောင့်လည်းဘာမှမပြောကြတာဖြစ်သည်။

ရွာထိပ်ရဲ့ညာဘက်မှာက သူတို့ရွာရဲ့တသွင်သွင်စီးဆင်းနေတဲ့ချောင်းကြီးရှိတယ်  ဒါကြောင့်ငါးအတွက်ကပိုက်ဆံသုံးစရာမလို ချောင်းထဲဆင်းငါးဖမ်းလိုက်ရုံပင် ကြက်ကတော့ရွာထဲမှဝယ်တယ်

ရိပေါ် ကြက်စာကျွေးတာမြန်မြန်အဆုံးသတ်လိုက်ပြီး

"ကောင်းပြီ "

ဟိုဘက်အိမ်ကလူရောလိုက်အုံးမှာလား

ရိပေါ်မသွားခင်တစ်ဖက်အိမ်ကိုကြည့်လိုက်တော့ ရှောင်ကျန့်နဲ့တူတဲ့အရိပ်အယောင်တောင်မမြင်ရ ရှောင်ဦးလေးနဲ့အဒေါ်ကတော့အိမ်ရှေ့မှာလာလည်တဲ့လူတွေနဲ့စကားပြောနေကြတယ်

ရိပေါ်နဲ့ယွီပင်းတို့ ရွာထိပ်ရောက်တော့သိပ်မမှောင်သေးတာကြောင့်အားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ် လူကတော့ဆယ်ယောက်ခန့်သာ
တစ်ချို့ကထင်းခြောက်တွေစုပုံနေပြီး တစ်ချို့ကလည်းငါးမြားဖို့ငါးမြားတံတွေယူလာကြတယ် သောက်စရာတွေဟာလည်းနှီးဖြာလေးပေါ်မှာအစုံအလင် ရိပေါ်တို့ကသာဘာမှပါမလာတာ

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now