Unicode
တစ်ရွာလုံးရှိလူအားလုံးလိုလိုဟာ ရွာရဲ့ဘုန်းတော်ကြီးကျောင်းသို့ရောက်နေကြပြီ။
တရားနာသူကနာနေကြပြီး တရားနာသူတို့အားကျွေးမွေးရန်ပြင်ဆင်နေကြသည့်သူများကလည်းပြင်ဆင်နေကြသည်။ ကလေးတွေကတော့တရားမနာကြဘဲ ဘုန်းကြီးကျောင်းဝန်းထဲရှိအရိပ်ရအပြင်အောက်တွေမှာဆော့ကစားနေကြသေးသည်။
ည ကျင်းပမယ့် ဇာတ်ပွဲအတွက်လည်းရွာပြင်ရှိလယ်ကွင်းထဲတွင်ဇာတ်စင်ထိုးသည့်လူကထိုးနှင့်တစ်ရွာလုံးအလုပ်ရှုပ်ဆုံးနေ့ဟုပင်ဆိုနိုင်လောက်သည်။
ဖန်ရှင်းတို့စာမေးပွဲလည်းဖြေပြီးပြီမို့ ယခုအလှူတွင်တက်ကြွစွာပါဝင်ကူညီပေးနေလေသည်။ ယွီပင်းကတော့ ဖန်ရှင်းအနားတပြုံးပြုံးနဲ့ သူဒီနေ့ကိုစောင့်နေခဲ့တာကြာလှပြီ။
ရှောင်ကျန့်ကတော့ ထမင်းပွဲပြင်တဲ့ဘက်တွင်ရှိပြီး ရိပေါ်ကတော့ဇာတ်စင်ထိုးသည့်ဘက်တွင်သွားကူနေရသည်။
ကိုရင်လေးတွေက အနီးအနားရှိရွာများမှလည်းလာရောက်ရှင်ပြုကြတာကြောင့် မနှစ်ကထက်ဒီနှစ်ပိုများတယ်။ တရားနာပြီးကြတော့ တစ်ချို့ကအိမ်ပြန်သွားကြပြီးတစ်ချို့ကတော့ ကျွေးမွေးတဲ့နေရာသို့သွားကာစားသောက်ကြတော့သည်။ ထိုအချိန်မှစပြီး ရှောင်ကျန့်တို့ထမင်းကျွေးအဖွဲ့များမှာလက်လည်ပင်မသင့်ချင်တော့။
ဒါပေမယ့်လည်းပျော်ဖို့ကောင်းတာကြောင့် အားလုံးမှာမောပန်းနေလည်းအပြုံးမပျက်ကြ။
"လိုက်ပွဲလေးထည့်ပေးပါအုံးဗျို့"
"အလှူဆိုတိုင်းနင်းကန်စားမနေနဲ့ စားပိုးနင့်ပြီးသေနေမယ် စူဇကာသားရဲ့"
ထမင်းလိုက်ထည့်ပေးနေတဲ့မိန်းကလေးကပြောလိုက်တော့ ထိုရွာသားကရယ်ကျဲကျဲနဲ့ပန်းကန်လေးရှေ့ထိုးပေးတယ်။
ရှောင်ကျန့်ရယ်လိုက်မိတယ်။ တကယ်ကိုသူတို့ရွာသူတွေရဲ့ပါးစပ်ပေါက်ကအတော်ဆိုးတာပဲ။
ပန်းကန်ဆေးတဲ့နေရာမှာတော့ ဖန်ရှင်းကိုကူလုပ်ပေးနေသလိုနဲ့ ဖွန်ကြောင်နေတဲ့ယွီပင်းကိုမြင်တော့ရှောင်ကျန့်ခေါင်းသာခါမိတော့သည်။
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...