part-22 (Z+U)

3.4K 337 16
                                    

Unicode

နွေရာသီရဲ့ထုံးစံအတိုင်း ကျောင်းသားတွေကျောင်းပိတ်တယ်။ သစ်ပင်တို့ဟာရွက်ဟောင်းများကြွေလွင့်ကုန်တော့ အရိုးပြိုင်းပြိုင်းထလျက် တစ်ချို့အပင်တွေမှာတော့ ရွက်နု​လေးတွေကအစားထိုးဝင်ရောက်နေကြပြီ။ (စာစီစာကုံးရေးကြတာတောင်သွားသတိရ🤣)

လေပွေအဝှေ့မှာ လမ်းမပေါ်ရှိဖုန်မှုန့်နှင့်အမှိုက်ကလေးများဟာ လေပေါ်မြှောက်တက်သွားကြတယ်။

ကလင် ကလင် ကလင်

ရေခဲချောင်းသည်ကြီးဟာ ထုံးစံအတိုင်းပေါ်လာလေပြီ။

"ရိပေါ်ရေ!! ရေခဲချောင်းစားချင်တယ်"

အသံဆာဆာနဲ့အိမ်နောက်မှပြေးထွက်လာတဲ့ ရှောင်ကျန့်က ကလေးလေးလိုပဲ။ ဆံပင်ကိုအိုက်လို့ဆိုပြီးဘိုကေညှပ်ထားပြီး စွပ်ကျယ်လက်တိုချိုင်းပြတ်နဲ့ ရိပေါ်ရဲ့ဒူးအောက်ဘောလုံးဘောင်းဘီအနက်လေးဝတ်ထားတဲ့ရှောင်ကျန့်ကအသက်နှစ်ဆယ့်ငါးနှစ်အစ်ကိုကြီးတဲ့။

"အင်း အင်း ကျွန်တော်ဝယ်ထားမယ်"

"အနီရောင်နော်"

"အင်းပါ.."

"သုံးချောင်းစားမှာနော်"

"သုံးချောင်းကြီးမစားနဲ့ချောင်းတွေဆိုးနေမယ် နှစ်ချောင်းပဲစား ဒါတောင်များနေပြီ"

"ရိပေါ်ကလည်း...."

ဒါပဲ ဒါပဲ အခုနောက်ပိုင်း သူလိုချင်တာမရရင် ရိပေါ်ကလည်းနဲ့ပဲခြွေတာ

ချစ်မှန်းသိလို့ဆိုးလာတာလားဗျာ...

"သဘော သဘော ဒါပေမယ့်ကျွန်တော်ပါကူစားမှာနော် အဲ့ဒါမှဝယ်ကျွေးမယ်"

ရှောင်ကျန့် ရိပေါ်ကိုမကျွေးချင်ပေမယ့်လည်းခေါင်းငြိမ့်ပြလိုက်တယ်။ နောက်မှသုံးခုလုံးယူပြေးလည်း ဘာတတ်နိုင်တာကျလို့
ခါတိုင်းဆို မင်းမဝယ်ကျွေးလည်းငါ့ဟာငါဝယ်စားမယ်လို့ပြောမိမှာပေမယ့် အခုတော့ဘာဖြစ်နေမှန်းကိုမသိ ဘာပဲလိုချင်ချင်ရိပေါ်ကိုပဲပူဆာနေမိတယ်။ သူဝယ်ပေးမှလိုချင်တာမျိုး။
ရိပေါ်ကအလိုလိုက်ရင်သူ့မှာအပျော်ကြီးပျော်လို့။

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now