Unicode
ထမင်းဝိုင်းမှာမိသားစုလေးယောက်ထိုင်ကာစားသောက်နေကြတယ်။ ရှောင်ကျန့်က ဝမ်အဖေနဲ့အမေကိုဟင်းဦးချပြီးတာနဲ့ရိပေါ်ပန်းကန်ထဲကိုကြက်သားတုံးကြီးတစ်တုံးကိုထည့်ပေးလာတယ်။
ရိပေါ်ကအံ့သြသလိုကြည့်တော့ အပြုံးချိုချိုလေးနဲ့
"စားလေ..."
ရိပေါ်စားသာစားနေရပေမယ့် မြိုမကျ တစ်ခုခုတော့ဖြစ်နေပြီကိုရိပ်မိပေမယ့် ရှောင်ကျန့်ကဘာဖြစ်လို့ရုတ်တရက်သူ့ကိုလာကောင်းနေတာလဲမတွေးတတ်သေးဘူး
ပြန်လာတည်းကရှောင်ကျန့်ကတစ်ခြားလူတစ်ယောက်လိုပဲ ပြုံးလိုက်ရယ်လိုက်နဲ့
'ကြည့်ရတာ တကယ်များသူငယ်နာမစင်သေးတာလားမသိဘူး ဒါမှမဟုတ် သူငယ်ပြန်နေတာလား'
ရိပေါ်စားနေရင်းရှောင်ကျန့်ကိုကြည့်လိုက်တော့ သူ့ဟာနဲ့သူအေးဆေးစားနေတယ်။ ရိပေါ်ကြည့်နေတာသိတဲ့ရှောင်ကျန့်က ပြုံးပြလာတယ်။ ပြီးတော့ကြက်သားတုံးတွေထပ်ထည့်ပေးပြန်တယ်။
"စား စား စားမှအားရှိမှာ
အဲ့ဒါမှ ငါ့ကိုလုပ်ကျွေးနိုင်မှာ.."ရှေ့မှဝမ်အဖေနဲ့အမေကတော့ပြုံးစစနဲ့သူတို့နှစ်ယောက်ကိုကြည့်နေတယ်။
စားသောက်ပြီးသွားကြတော့ အိမ်ရှေ့ကွက်ပျစ်မှာသွားထိုင်နေလိုက်ကြတယ်။ ရှောင်ကျန့်ကဝမ်အမေကိုကူကာပန်းကန်ဆေးပန်းကန်တွေသိမ်းလုပ်ပေးနေတယ်။
တစ်ဖက်ခြံမှရှောင်လင်မယားကလည်းစားသောက်ပြီးတော့ လည်ရအောင်ရောက်လာကြတယ်။
"အမယ် ဒီနေ့တော့ထူးထူးဆန်းဆန်း ရန်ဖြစ်သံမကြားရပါလား
ဒါကြောင့် ရာသီဥတုပူနေတာနေမယ်ဟေ့"ရှောင်အဖေကရယ်သံစွက်ကာနောက်လိုက်တော့ ရိပေါ်ပြုံးရုံပဲပြုံးလိုက်တယ်။
စောစောစီးစီးနောင်ချိန်ချပြီးတာကို ယောက္ခမကြီးမှမသိဘဲလေ..
"ကလေးတွေကအဆင်ပြေသွားကြပြီအကိုရှောင်းရဲ့.."
"အဆင်ပြေမှပဲ ယူပြီးတာတစ်လတောင်ကျော်သွားပြီမဟုတ်လား"
![](https://img.wattpad.com/cover/224659992-288-k665925.jpg)
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...