part-16 (Z+U)

4K 423 40
                                    

Unicode

ဒီရက်ပိုင်းဝမ်ရိပေါ်ကဘာစိတ်ကူးပေါက်နေသည်မသိ ရှောင်ကျန့်နဲ့သူတစ်ပြန်ကိုယ်တစ်ပြန်ပြောရင်သူအမြဲအလျော့ပေးလာတယ်။ ပြီးရင်လူကိုလည်းမထိတထိကလိသွားသေးသည်။
ဆိုးတာက 'ကိုကို' ဆိုတာ​ကြီးကိုပါးစပ်ဖျားမှမချတော့ပေ။ ရှောင်ကျန့်မှာရိပေါ်ရဲ့ကိုကိုဆိုတဲ့အသံကြီးကြားရင်ကိုလန့်နေရပြီ။ အဲ့လိုခေါ်ပြီးရင်သူ့ကိုဖက်လိုက်နမ်းလိုက်လုပ်လုပ်သွားတာလေ ဘယ်သူကမလန့်ရှိမလဲ။

ဒီနေတော့ ထိုငနာလေးမရှိ တောထဲမှာတစ်နေ့လုံးနေရမှာဆိုပြီးထမင်းထုပ်ပြီးသွားလေရဲ့
ပြောသာပြောတာ အဲ့ငနာလေးမရှိရင်လည်းလူကမနေတတ်သလိုပဲ
ရှောင်ကျန့်ဝမ်အမေကိုကူညီစရာရှိတာကူညီပေးပြီးတာနဲ့ ရှောင်အမေဆီသွားနေလိုက်တယ်။

"အမေ "

"ဟေ"

ထုံးစံအတိုင်းရှောင်အမေကအင်္ကျီချုပ်နေရင်းလှမ်းထူးတယ်။

"ဝမ်ရိပေါ်ကိုဘယ်လိုမြင်လဲ"

"ငါ့သမက်လို့မြင်တယ်"

"ဟာ.. အဲ့လိုမဟုတ်ဘူးလေ အမေကလည်း
အမေသိလား အဲ့ကောင်ဒီရက်ပိုင်းအတွင်းအချိုးတော်တော်ပြောင်းနေတာ"

"ငါကတော့အချိုးပြောင်းနေတာ နင်များလားလို့"

"သားက?"

"အေးလေ မိဘအိမ်ကိုလာတာဘာမှကူမပေးဘဲ လက်ဖက်ပဲထိုင်စားနေတယ်"

ရှောင်ကျန့်လက်ဖက်ပန်းကန်လေးကိုခပ်ဝေးဝေးကိုတွန်းလိုက်ပြီး ရှောင်အမေကိုမျက်နှာငယ်လေးနဲ့

"အမေကလည်း ကိုယ့်သားလေးကိုတောင်မသဒ္ဓါဘူးလား"

"စားပါအေ စားပါ
ငါတို့ရှာသမျှနင့်အတွက်ချည်းပါပဲ"

"အဟီး ဒါမှပေါ့"

လက်ဖက်ပန်းကန်ပြန်ဆွဲကာစပ်ဖြဲဖြဲနဲ့ဆက်စားနေပြန်တယ်။ ရှောင်အမေကတော့သူ့သားရဲ့ကလေးလိုဖြူစင်တဲ့ပုံစံလေးကြောင့်ချစ်မဝနိုင်စွာကြည့်နေမိတယ်။ သူ့ဟာသူအရွယ်ရောက်လို့ယောကျ်ားပဲရနေပါစေအုံးတော့ မိဘမျက်စိထဲမှာတော့ကိုယ့်သားသမီးကိုအမြဲတမ်းကလေးလေးလို့ပဲမြင်နေတတ်ကြတာပဲလေ။

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now