part-10 (Z+U)

4.1K 421 17
                                    

Unicode

"ဟုတ်တယ် ဟို..ရိပေါ်နဲ့နှစ်ယောက်တည်းတူတူနေချင်လို့.."

ဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့စကား
နှစ်ယောက်တည်းတူတူနေချင်လို့ပါတဲ့ အဲ့စကားကျိန်ပြောတောင်မယုံဘူး

လူကြီးတွေကလည်းဘာပြောလို့ပြောရမှန်းမသိ တစ်ယောက်နဲ့တစ်ယောက်အူကြောင်ကြောင်လေးတွေကြည့်နေကြတယ်။

အိမ်ခွဲပြီးနေချင်တယ်ဆိုသူတို့အတွက်လုပ်ပေးဖို့ကလွယ်ကူတယ် ဒါပေမယ့်ချက်ချင်းကြီးဆိုတော့...

"ရိပေါ်.. မင်းလည်းငါနဲ့နှစ်ယောက်တည်းတူတူနေချင်တယ်မဟုတ်လား ဟမ်! ဟုတ်တယ်မလားလို့.."

ဘေးမှာထိုင်နေတဲ့ရိပေါ်လက်ကိုလှုပ်ကာမေးနေတော့ မူမမှန်ဘူးဆိုတာသိပေမယ့် ရိပေါ်လည်းအင်တင်တင်နဲ့နားအေးရင်ပြီးရော်ခေါင်းငြိမ့်ပြလိုက်တယ်။ ရှောင်ကျန့်ကထိုအခါမှလှုပ်နေတာရပ်လိုက်ပြီးအဖေအမေတွေဘက်လှည့်ကာ

"တွေ့လား ရိပေါ်ကလည်းနေချင်တယ်တဲ့ အမေတို့အဖေတို့ သားတို့ကိုအိမ်တစ်လုံးဆောက်ပေးနော်.. နော်.လို့.."

"နေ နေပါအုံး အားကျန့်! သားတစ်ကယ်ပဲအိမ်ခွဲတော့မှာလား ဒီနေ့မှသားတို့ကယူလို့ပြီးကြတာလေ.. ချက်ချင်းကြီး"

မနေနိုင်တဲ့ရှောင်အဖေကဝင်ပြောတယ်။

"ချက်ချင်းတော့မဟုတ်ဘူးလေ ခုချက်ချင်းထဆောက်ဖို့ဘာပစ္စည်းမှရှိမနေသေးဘဲလို့ အဖေကလည်း
သားပြောတာက ပစ္စည်းတွေစုံစုံလင်လင်ဝယ်ပြီးရင်ပြောတာ..
သားတို့ကအခုနေ ဘယ်မိဘအိမ်မှာမဆိုတက်နေလို့ရနေသေးပေမယ့် ကလေးတွေမွေးလာရ​င် သူများအိမ်ကပ်နေလို့မကောင်းဘူးလေ ဘယ်လိုပဲမိဘအိမ်ဆိုပေမယ့် ကိုယ့်ကိုယ်ပိုင်အိမ်မှမဟုတ်ဘဲ... ဟုတ်တယ်မလားရိပေါ်...
ဟမ်! ဘာ့လို့ရယ်နေကြတာလဲ.. ဘာလား.."

ရှောင်ကျန့်စကားကြားပြီးအကုန်လုံးကပြုံးစိစိနဲ့နောက်ဆုံးထရယ်ကြကုန်တယ်။ ရိပေါ်တောင်မထိန်းနိုင်ဘဲအသံထွက်သွားမိသေးတယ်။

ပေါက်ကရတွေပြောဖို့ဆို ရှောင်ကျန့်ဟာထိပ်ဆုံးကပါ..

ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ယွီပင်းကရယ်သံတစ်ဝက်နဲ့ဝင်နောက်တယ်

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now