Unicode
"အဲ့ဒါမင်းမကောင်းလို့ဖြစ်ရတာ"
"မင်းသာအရင်ငါ့ကိုကုတင်ပေါ်ကတွန်းမချရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
"ဟာ တမင်တွန်းချတာမှမဟုတ်ဘဲ"
"ငါကလည်းမင်းကိုတမင်ခွထားတာမဟုတ်ဘူးလေ"
"ရှောင်ကျန့်!!"
"ဝမ်ရိပေါ်!!"
ယွီပင်းအိမ်ကနေနှစ်ယောက်သား ယွီပင်းကိုဆော်ပလော်တီးပြီးလို့ပြန်လာကြတဲ့လမ်းမှာ စကားများနေကြခြင်းဖြစ်သည်။ ရွာလယ်ရောက်မှတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဒေါသထွက်နေလို့မပြီးနိုင်တော့
အစကတော့တောင်းပန်မလို့ပဲ ခုတော့မတောင်းပန်နိုင်တော့ဘူး
ရိပေါ် သူ့ကိုပုဆိုးအနားစ မ,ကာမာန်အပြည့်နဲ့ကြည့်နေတဲ့ရှောင်ကျန့်ရဲ့ရုပ်ချောချောမျက်နှာလေးအား စိမ်းစိမ်းဝါးဝါးပြန်ကြည့်ကာ အားနဲ့ထိုးချလိုက်ပါတယ်
.
.
.
နှုတ်ခမ်းနဲ့ပြီးတာနဲ့နောက်မလှည့်ကြည့်စတမ်းပြေးပါတော့သည်။ တော်တော်ဝေးဝေးရောက်မှရိပေါ်ကနောက်ပြန်ကြည့်ကာအော်ချလိုက်တယ်။
"စိတ်ကောက်မနေနဲ့တော့ ညကျအိမ်ကိုပြန်လာအိပ်
လာမခေါ်ဘူးနော် ဒါပဲ"ရှောင်ကျန့်မှာသာအူကြောင်ကြောင်လေးကျန်ခဲ့ရတယ် ဒေါသထွက်နေတာတွေတောင်ဘယ်ရောက်သွားမှန်းမသိ မျက်နှာကြီးပူထူလာတာကြောင့် ထိုနေရာမှပြေးထွက်လာလိုက်တော့သည်။ ရွာလယ်ခေါင်မှာ ဝမ်ရိပေါ်နဲ့ရှောင်ကျန့်တို့ စောစောစီးစီးအနမ်းပေးနေကြပါတယ်ဆိုတဲ့သတင်းကတော့ အချိန်ခဏလေးအတွင်း ရွာထဲသို့ပြန့်နှံ့သွားလေသည်။
...
"အ့ ဖြေးဖြေးလုပ်ပါ ကလေးရဲ့"
ပြောလည်းပြော ပါးကိုလည်းအနမ်းလာပေးနေတာကြောင့်ဖန်ရှင်းကြပ်ပူထိုးပေးနေရင်းမျက်စောင်းထိုးလိုက်တယ်။ အခုသူတို့ကယွီပင်းရဲ့အိမ်ရှေ့ကွက်ပျစ်မှာထိုင်နေကြခြင်းဖြစ်သည်။
"ဟွန့် ဟိုကလုပ်သွားတာတောင်နည်းသေး
ဘာ့လို့ကြက်တွေကိုရောင်းပစ်ရတာလဲ"
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...