part-1 (Z+U)

15.2K 741 47
                                    

Unicode

အောင့် အီး အီး အွတ်!!!! ဖြတ် ဖြတ် ဖြတ်

အာရုဏ်တက်ချိန်ရောက်ပြီမို့ခြံထဲမှကြက်ဖကြီးကအောင်မြင်ထည်ဝါလှသောအသံကြီးဖြင့်အော်မြည်လာတယ် တစ်ဆက်တည်းသူ့တောင်ပံခတ်သံတဖြတ်ဖြတ်ကိုလည်းကြားလိုက်ရတယ်

ထိုကြက်ဖကြီးကတော့ဝမ်ရိပေါ်ရဲ့အသည်းကျော် ကျန့်ကျန့်ဆိုတဲ့ကြက်ဖကြီးပါ
အဲ့နာမည်ကရာဇဝင်နဲ့လာတာ ပြောရမယ်ဆိုရင်တော့....

ဘေးအိမ်ကအသက်ကြီးပြီးသူငယ်နာမစင်သေးတဲ့လူကြောင့်ပေါ့ သူ့နာမည်ကရှောင်ကျန့်တဲ့
အသက်အားဖြင့်ခြောက်နှစ်ကြီးပေမယ့်ဝမ်ရိပေါ်တို့ကတော့တစ်ခါလေးမှလေးလေးစားစားမခေါ်မပြောစဖူးဘူး

ရှောင်ကျန့်ရဲ့အိမ်အပါအဝင်တစ်ရွာလုံးကကျန့်ကျန့် ဖိုးကျန့် အားကျန့် ဒီလိုပဲခေါ်ကြတာလေ ကိုယ်ကတော့ရှောင်ကျန့်ပဲ သူ့ဟာသူကိုယ့်ထက်အသက်ကြီးရုံမကလို့ဆင်လောက်ပဲကြီးကြီး ကြည့်မရရင်တော့နာမည်အပြည့်အစုံခေါ်မှာပဲ
အဲ့အသက်ကြီးပြီးသူငယ်နာမစင်တဲ့အကောင်ကိုအမြင်ကပ်လို့ကြက်နာမည်ကို 'ကျန့်ကျန့်' လို့တမင်ပေးထားတာ

ကြက်စာကျွေးတဲ့အချိန်တို့ကြက်ကိုတယုတယကိုင်တွယ်တဲ့အခါမျိုးမှာဆိုရင် ကျန့်ကျန့် ဆိုတဲ့နာမည်ကိုအကျယ်ကြီးကိုအော်ခေါ်လိုက်တာ
အဲ့အချိန်ကျ ကမူးရှူးတူးနဲ့အိမ်ခြံထဲဝင်လာပြီးရန်တွေ့ရော်လေ တစ်ခါတစ်လေလည်းသူ့အိမ်ထဲကနေပဲလှမ်းရန်တွေ့တယ်

အဲ့ဒီသူငယ်နာမစင်ကောင်စိတ်ဆိုးဒေါသထွက်ရင်အသေရယ်ရတာပဲ ဟား ဟား

ကဲ ကြက်ကိုပေးရတဲ့နာမည်အကြောင်းကိုပြောပြီးပြီဆိုတော့ ကျွန်တော့်အကြောင်းပြောပါရစေ..

ကျွန်တော်ကတော့ပေတလုံးရွာကပျိုတိုင်းကြိုက်တဲ့နံနံပင်ကြီးဝမ်ရိပေါ်ပါ အဟဲ
ပျိုတိုင်းကနံနံပင်ကြိုက်ကြိုက်မကြိုက်ကြိုက်ငါ့ကိုကြိုက်ရင်တော့နံနံပင်လည်းကြိုက်ရမှာပဲ
တစ်ဦးတည်းသောသားဖြစ်တယ်
ချောမောလှတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး အကြောတင်းတင်းစတိုင်ကကျွန်တော့်ရဲ့မွေးရာပါအားနည်းချက်ပေါ့ ကြက်တိုက်ရတာဝါသနာပါတယ် ထန်းရည်ကြိုက်တယ် ဒါပေမယ့်တစ်ခါတစ်လေပဲသောက်ဖြစ်တာပါ အလုပ်ကတော့မိဘအမွေရိုးရာလယ်ယာကိုင်းပဲပေါ့
အော...ကျွန်တော့်ဝါသနာထဲမှာဘေးအိမ်ကသူငယ်နာမစင်ကောင်နဲ့ရန်ဖြစ်တာနဲ့စနောက်ရတာလည်းပါသေးတယ်

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now