part-20 (Z+U)

3.7K 352 7
                                    

Unicode

ဆောင်းကုန်လို့နွေရာသီရောက်တိုင်းသူတို့ရွာမှာနှစ်စဥ် ရဟန်းခံရှင်ပြုနားသ အလှူကြီးကြီးတစ်ခုလုပ်ကြတယ်။ ရွာအနီးအနားမှလည်းလာရောက်ပြီးကုသိုလ်ယူကြသေးသည်။ အလှူ့ရှင်အလှူ့အမဘယ်သူဘယ်ဝါမဟုတ်ဘဲ တစ်ရွာလုံးကသာအလှူ့ရှင်အလှူ့အမများဖြစ်ကြသည်။ ပိုက်ဆံအသင့်အတင့်ရှိတဲ့လူများကတော့ မတည်ငွေကိုလှူကြပြီး ကျန်တာကတော့ရွာသားများရဲ့အလှူငွေများဖြစ်ကြသည်။

ကာလသားခေါင်းဖြစ်တဲ့ဝမ်ရိပေါ်ကတော့ အလှူရက်နီးလာလေအိမ်နားပင်မကပ်နိုင်ရှာတော့ မိုးလင်းမှမိုးချုပ်စီစဥ်စရာရှိတာတွေကိုသာတောက်လျှောက်လုပ်နေရတယ်။ ဒီကြားထဲယွီပင်းရဲ့စိတ်မချမ်းမသာစရာမျက်နှာကြောင့် သူလည်းစိတ်ဆင်းရဲနေရတယ်။

ကိုကိုကလည်းဟိုနေ့ကအဖြစ်အပျက်ပြီးတည်းကသူ့ကိုပလစ်လိုက်မောင်းထုတ်လိုက်နဲ့ အခုလိုရက်တွေမှာအိမ်ပြန်ပြီးမောမောပန်းပန်းနဲ့ကိုကို့ကိုထွေးပွေ့ယုယချင်တာတောင် အဲ့လဒကိုကိုကသူ့မိဘအိမ်သူပြန်အိပ်နေလေရဲ့

အိမ်ကိုနောက်ကျမှပြန်ရောက်တော့ သူအိပ်ရေးပျက်လို့ပါတဲ့  အလကား အလိမ်အညာ အာပလာ

ဒီနေ့တော့ လူကြီးတွေသဘောတူလိုက်တဲ့အတိုင်း ဇာတ်အဖွဲ့ငှားရန်မြို့တက်ရမည်။ ဒါမျိုးကမြို့မှာကျောင်းတက်ဖူးတဲ့အပြင်လည်လည်ဝယ်ဝယ်လည်းရှိလှတဲ့ ဝမ်ရိပေါ်ကိုမှမလွှတ် ဘယ်သူ့လွှတ်မတုန်း
ဒီတော့လည်းသွားရပြန်တော့တာပေါ့

မသွားခင် တစ်ဖက်အိမ်မှကိုကိုဆီသွားကာနှုတ်ဆက်ရသေးတယ်။

ကိုယ်ကတော့စောစောစီးစီးထကာမြို့သွားဖို့ပြင်နေပေမယ့် သူကတော့အိပ်ယာထဲမယ်ကွေးကောင်းတုန်း
နွေရာသီရဲ့မနက်ဘက်တွေကအအေးပိုတတ်တာပဲ

ရိပေါ် စောင်ကိုသေချာပြန်ခြုံပေးလိုက်ပြီး ပါးပြင်နုနုသို့အနမ်းတစ်ပွင့်ပေးလိုက်တော့ နိုးလာတဲ့ကိုကိုကမျက်လုံးတွေကိုပွတ်သပ်ကာကြည့်လာတယ်။

"ဒီနေ့ ကျွန်တော်မြို့သွားရမှာ ကိုကို ဘာမှာလိုက်ချင်လဲ"

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now