part-3 (Z+U)

4.4K 502 12
                                    

Unicode

မိုးကတစ်စက်စက်နဲ့ဆွေမိုးရွာနေတယ် ညနေဘက်တစ်ဖက်ရွာနဲ့ဘောလုံးကန်ရန်ချိန်းထားတာကြောင့် နေ့ခင်းဘက်တည်းကလူစုကာသွေးပူစေရန်လှုပ်လှုပ်ရှားရှားနေနေရတယ်

ရိပေါ်ကဒါမျိုးဆိုရှေ့ဆုံးက ရှောင်ကျန့်ကတော့သိပ်စိတ်မဝင်စား
သူကဘောကန်မယ့်အစား အိပ်ရင်အိပ်မအိပ်ရင် ဝမ်အမေလုပ်ကျွေးတဲ့မုန့်တို့ကိုသာစားသောက်နေပေမည်။

တဖြည်းဖြည်းနဲ့ဘောလုံးပွဲစမယ့်အချိန်ကနီးကပ်လာပြီ ရိပေါ်တို့အသင်းကအနက်ရောင်ဘောလုံးအင်္ကျီများဝတ်ဆင်ကြပြီး တစ်ဖက်ရွာအသင်းကတော့အဝါရောင်ဘောလုံးအင်္ကျီကိုဝတ်ဆင်ကြတယ်
ကွင်းကတော့ရိပေါ်တို့ရွာရဲ့မြောက်ဘက်ရှိလယ်ကွင်းကျယ်ကြီးဖြစ်သည်။နှစ်တိုင်းထိုနေရာတွင်သာအမြဲကန်ကြတယ်

အဖွဲ့သားတွေသွေးပူလေ့ကျင့်ခန်းလုပ်နေကြတယ် ဘောလုံးပွဲကြောင့်လာအားပေးတဲ့လူတွေဟာလည်းအများအပြား
ရွာထဲမှမိန်းကလေးတွေဟာလည်းခမောက်ကိုယ်စီ ထီးကိုယ်စီနဲ့လာကြည့်ကြတယ်

ယွီပင်နဲ့ရိပေါ်ကတော့စတိုင်အပြည့်နဲ့ရှိုးထုတ်နေလေရဲ့

ဒါပေမယ့်သူမြင်ချင်နေတဲ့လူကိုမတွေ့ရတော့မျက်ခုံးတို့ကအလိုလိုကြုတ်လျက်သားဖြစ်သွားတာကိုတော့ရိပေါ်ကိုယ်တိုင်တောင်သတိမထားမိလိုက်ပေ

"ယွီပင်း ဟိုတစ်ယောက်ကိုမြင်မိသေးလား"

"ဘယ်သူလဲ"

"ဟိုသူငယ်နာမစင်တဲ့အဖိုးကြီးလေ"

"ငါတို့ရွာမှာသူငယ်ပြန်နေတဲ့အဖိုးကြီးရှိတယ်လား?"

မအူမလည်ပြန်မေးနေတဲ့ယွီပင်းကိုမပြောချင်တော့တာကြောင့် လူအုပ်ကြီးကိုသာလည်ပြန်ကြည့်နေလိုက်တယ်

တစ်ကယ်မလာဘူးပဲ

ခါတိုင်းဆို သူတို့ရန်ဖြစ်လည်းရှောင်ကျန့်ကရိပေါ်ဘောလုံးကန်တဲ့အချိန်ဆိုအမြဲလာအားပေးနေကြ

အခုမလာတော့ရိ​ပေါ်တစ်ယောက်တစ်မျိုးခံစားလိုက်ရတယ်

မလာရင်လည်းမလာတာပေါ့ ငါကဘာ့လို့အဲ့လူကိုမျှော်နေရတာလဲ

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now