part-11 (Z+U)

4K 429 16
                                    


Unicode

ကြက်ဖတွန်တာနဲ့အကျင့်အတိုင်းရိပေါ်ကတော့နိုးလာပေမယ့် ဘေးမှတစ်​ယောက်က​တော့ဖက်လုံးကိုခွကာအိပ်လို့ကောင်းတုန်း

စောင်ပြန်ခြုံပေးဖို့ပြင်လိုက်ပြီးမှ အကြံပေါ်လာတာကြောင့် မခြုံပေးတော့ဘဲ စောင်ကိုဆွဲလှန်ချလိုက်တယ်။

"ရှောင်ကျန့်! ထ! ထ! "

"..ဘာလဲကွာ.."

"ထတော့ ခုထိအိပ်နေသေးတယ် ထမင်းစားချိန်ရောက်နေပြီ"

"ဘာထမင်းစားချိန်တွေလာပြော..
ဟမ်! ထမင်းစားချိန်!"

ငေါက်ခနဲထထိုင်လာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်အမြန်ခပ်ဝေးဝေးတစ်နေရာမှာသွားရပ်နေလိုက်တယ်။ ရှောင်ကျန့်ကတော့အိပ်ယာမှကုန်းထကာ ပုဆိုးသေချာပြန်စီးကာ အိမ်အောက်ကိုဆင်းသွားလေတော့သည်။

ရိပေါ် ရှောင်ကျန့်ပြန်အိပ်လို့မရအောင် အိပ်ယာတွေအမြန်သိမ်းပစ်လိုက်တယ်။
အိပ်ယာသိမ်းနေရင်းအိမ်ပေါ်သို့ပြန်တက်လာသံကြားတာကြောင့် ပုန်းဖို့နေရာရှာနေတုန်း ပုဆိုးကြီးမပြီးဒေါသထွက်နေတဲ့ရှောင်ကျန့်ကရောက်ချလာတယ်။

ပြီးတော့သွားစိသံကြီးနဲ့

"ဝမ်ရိပေါ် ခွေးကောင် မင်းဘယ်ချိန်မှငါ့ကိုကောင်းကောင်းပေးအိပ်မှာလဲ..
ငလူးကောင်ရဲ့"

"စောစောစီးစီးကိုယ့်ယောကျ်ားကိုဆဲနေတယ် အိုက်ရိုး
ငရဲကြီးမှာမကြောက်ဘူးပဲ..."

"မင်းလိုကောင်ကိုဆဲလို့ငရဲကျမယ်ဆိုရင် ဆယ်ခါပြန်အကျခံလိုက်မယ်! ငါအိပ်နေတာကိုဘာ့လို့နှိုးတာလဲ မသာကောင်ရဲ့!"

အောက်ထပ်မှလူကြီးတွေကြားမှာကြောင့်လည်း အသံကိုတိုးပြောနေရသေးတယ်။ ရိပေါ်ကတော့အိပ်ယာခင်းဆက်သိမ်းနေလိုက်ပြီး လှည့်မကြည့်ဘဲပြောလိုက်တယ်။

"ယာခင်းသွားမယ်လေ"

"ဘာ! ငါကဘာ့လို့သွားရမှာလဲ"

ရိပေါ်ကရှောင်ကျန့်ရှေ့ကိုလျှောက်လာကာ

"လင်မယား အဲ လင်လင်လား အဲ့ဒါကြောင့်ပေါ့"

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now