Unicode
ဝမ်အဖေလက်ဖက်ရည်သောက်ရင်းတစ်ဖက်အိမ်ကိုလည်းကြည့်ကာစိတ်မကောင်းချင် သားဖြစ်သူကိုကြည့်လိုက်တော့ကုလားထိုင်မှာထိုင်ကာစာဖတ်နေလေရဲ့
ဒီကလေးနှစ်ယောက်ကငယ်ငယ်ကတည်းကသိပ်တည့်လေ့မရှိပေမယ့် ကြီးလာတဲ့အခါမှာလည်းမြင်တဲ့အတိုင်းမထင်ရင်မထင်သလိုထသတ်နေကြတုန်း
ဒီလိုဖြစ်နေတဲ့အခြေအနေမှာ ကျန့်ကျန့်လေးကဘယ်ကဘယ်လိုပေါက်ဖွားလာတဲ့မေတ္တာတွေနဲ့များသားတော်မောင်ကိုလက်ထပ်ချင်နေရပါသနည်း စဥ်းစားလို့မရအကယ်၍လက်ထပ်ပေးလိုက်မယ်ဆိုရင်လည်း နေ့တိုင်းရန်ဖြစ်နေရမယ့်အိမ်ထောင်ရေးတစ်ခုတော့မဖြစ်စေချင်ဘူး ဝမ်အဖေတို့ကဘယ်သူပဲဖြစ်နေနေ အကျင့်စာရိတ္တကောင်းမွန်ပြီး သူ့သားသာတကယ်ချစ်မယ့်သူ သူ့သားကိုလည်းတကယ်ချစ်မယ့်သူဆိုရင် ပေးစားပစ်မှာပင် ယောကျ်ားမိန်းမခွဲနေမှာမဟုတ်
ကျန့်ကျန့်ကလည်းကိုယ့်သားတစ်ယောက်လိုပဲ အတွင်းသိတွေ ဘာသဘောမတူနိုင်စရာရှိလဲ အခုဟာကသားကိုယ်တိုင်ကပြန်မချစ်နိုင်လို့တုတ်တုတ်တောင်မလှုပ်တဲ့ဟာသူကိုယ်တိုင်ကဘာများတတ်နိုင်အုံးမှာတဲ့လဲ
ဝမ်အဖေသက်ပြင်းတစ်ချက်ချကာ ခေါင်းခါလျက်အိမ်ထဲဝင်သွားလိုက်တယ်။
ရိပေါ် အဖေအိမ်ထဲဝင်သွားတာသေချာမှဖတ်ချင်ယောင်ဆောင်နေတဲ့စာအုပ်ကိုကွက်ပျစ်ပေါ်လှမ်းတင်ကာ ခြံစည်းရိုးကနေရှောင်ကျန့်အိမ်ကိုလှမ်းကြည့်လိုက်တယ်။
ခြံထဲမှာဘယ်သူ့ကိုမှမတွေ့ရ
ခါတိုင်းနေ့တွေဆို အိမ်ရှေ့ရောက်လာပြီး "ဝမ်ရိပေါ်မင်းငါ့ကိုယူရမယ်"ဆိုပြီးလာလာအော်တတ်ပေမယ့် ဒီနေ့တော့ဘာသံမှမကြားရတာကြောင့်ရိပေါ်လည်းချောင်းကာ အကဲခတ်လိုက်ခြင်းဖြစ်သည်။တိတ်ဆိတ်နေတဲ့အိမ်ထဲမှရှောင်ကျန့်ရဲ့ငိုသံပါကြီးနဲ့ပြောသံကအရင်ထွက်လာတယ်။ ရိပေါ်ပိုမိုနားစွင့်လိုက်ပေမယ့်ဘာမှသဲသဲကွဲကွဲမကြားရ။
"အမေ့ သားဝမ်ရိပေါ်ကိုပဲယူမှာလို့ပြောပြီးပြီလေဗျာ..."
"သားရယ် ဘာ့လို့ကိုယ့်ကိုလက်မခံနိုင်တဲ့လူမှလဲ ဟမ်
ငါ့သားကလူကောင်းတစ်ယောက်ပါ တစ်ချိန်မှာရိပေါ်လေးထက်ပိုသာတဲ့လူ..."
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...