part-9 (Z+U)

4.2K 445 25
                                    

Unicode

    
   အိပ်ပျော်နေပြီဖြစ်တဲ့ရှောင်ကျန့်ကိုရိပေါ်အသာပွေ့ချီသွားကာ အိမ်အပေါ်ထပ်မှသူအိပ်နေကျနေရာသို့ခေါ်သွားလိုက်တယ်။ ခင်းပြီးသားဖြစ်တဲ့အိပ်ယာပေါ်ညင်သာစွာချပေးလိုက်ပြီး ရှောင်ကျန့်ကိုငေးကြည့်နေတယ်။

ခုမှသေချာကြည့်မိတယ် ကိုကိုကအရမ်းချောတာပဲ ထူထဲဖြောင့်တန်းတဲ့မျက်ခုံး နှာတံချွန်ချွန်နဲ့ ပါးလျလျနှုတ်ခမ်းလေးအောက်နားကမှဲ့နက်အသေးလေးကမနာလိုဖွယ်ကောင်းအောင်ကပ်တွယ်နေသေးတယ်။
ပိန်ပါးပါးခန္ဓာကိုယ်နဲ့ ဘာအလုပ်မှမလုပ်ရတဲ့လူမို့လားမသိ အသားအရည်ကဖြူဖျော့ဖျော့လေးနဲ့တစ်မျိုးကြည့်ကောင်းတယ်။
အင်္ကျီရင်ဘတ်ကဟနေတာကြောင့် အရင်တစ်ခါသူအမှတ်အသားလုပ်ခဲ့တဲ့နေရာလေးကိုအတိုင်းသားမြင်နေရတယ်။

တကယ်တော့ထိုနေ့က သူတို့နှစ်ယောက်ဘာမှမဖြစ်ခဲ့ကြ ရိပေါ်ကရှောင်ကျန့်ကိုတမင်စိတ်ခုစေရန်အမှတ်အသားပေးပြီး နှစ်ယောက်လုံးရဲ့အင်္ကျီတွေချွတ်ကာတစ်ခုခုဖြစ်ခဲ့သလိုဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ ရှောင်ကျန့်ကိုတမင်ကလိချင်လို့ထိုသို့လုပ်လိုက်ပေမယ့် အခုလိုအတည်ပေါက်ကြီးရှောင်ကျန့်ကသူ့ကိုတာဝန်ယူခိုင်းလိမ့်မယ်လို့မထင်ထားခဲ့

ဒါလည်းတစ်မျိုးကောင်းတာပဲ ဒါမှဟိုဘာရီဆိုလည်းအဲ့တစ်ယောက်နဲ့မယူဖြစ်မှာ

ဘာလို့မှန်းမသိပေမယ့် ရှောင်ကျန့်ကိုရည်းစားလည်းမထားစေချင်သလို လက်လည်းမထပ်စေချင်ဘူး
သူ့ထက်အရင်စွံမှာကိုစိုးရိမ်နေတာလားဆိုတော့လည်းမဟုတ်ဘူး ဒီအတိုင်းရှောင်ကျန့်ကိုဘယ်သူ့လက်ထဲကိုမှထည့်မပေးချင်တာ

အဲ့လိုထည့်ပေးမယ့်အစားသူသာတစ်သက်လုံး ကျွေးမွေးစောင့်ရှောက်ပေးသွားလိုက်မယ်။ တစ်ခြားတစ်ယောက်ဆီတော့အပါမခံနိုင်..

ကြည့်နေရင်း အင်းအင်းအဲအဲနဲ့လှုပ်ရွကာနိုးလာတာကြောင့် ရိပေါ်စောင်အမြန်ခြုံပေးကာတစ်ဖက်လှည့်ထိုင်လိုက်တယ်။

ရှောင်ကျန့်အမူးမပြေသေးပေမယ့်အသိစိတ်ကတော့ရှိနေသေးတယ်။ ဒါကြောင့်သူ့ဘေးမှာထိုင်နေတဲ့ရိပေါ်ကိုမြင်တော့နောက်ကနေကျောကုန်းကို ထကိုက်လိုက်တယ်။

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Dove le storie prendono vita. Scoprilo ora