Unicode
ရှစ်နာရီကျော်လာတော့နေကပူလာပြီ ဒါပေမယ့်ဘယ်လောက်မှမကြာမိုးတိမ်တွေတက်လာတယ် တစ်ဖြည်းဖြည်းကောင်းကင်ကမည်းလာတာကြောင့်မိုးရွာတော့မယ်မှန်းသိလိုက်ရတယ်
ရိပေါ်တို့လည်းလုပ်လက်စကိုမြန်မြန်အဆုံးသတ်လိုက်ကာယွီပင်းနဲ့နှစ်ယောက်သားမိုးကာယူရန် တဲလေးဆီသို့တက်လာခဲ့ကြတယ်
သူတို့ တဲဆီရောက်လို့သိပ်မကြာလိုက်မိုးနှင်းဖွဲတွေတဖျောက်ဖျောက်ကျကာမိုးရွာသွန်းလေတော့သည်။
"တွေ့လား မင်းအခုတော့လှပတဲ့နေလုံးကြီးကိုမမြင်နိုင်တော့ဘူး"
"မင်းတွေ့ချင်တဲ့အချိန်တိုင်းထုတ်ကြည့်နိုင်အောင် အဲ့နေလုံးကြီးမင်းဖင်ထဲထိုးထည့်ထားလိုက်"
ယွီပင်းဖင်တောင်ကျိန်းသွားရတယ်
"ဟ ပူလို့သေသွားမှာပေါ့"
ရိပေါ်ကပုခုံးတွန့်ပြကာမိုးကာအင်္ကျီကိုဝတ်လိုက်ပြီးမိုးရေထဲသို့တစ်ဖန်ပြန်ထွက်သွားတယ် ယွီပင်းလည်းနောက်ကအမြန်လိုက်သွားရတယ်
ဆယ်နာရီလောက်ရောက်တော့နှစ်ယောက်သားအိမ်သို့ပြန်လာခဲ့ကြတယ်မိုးကတော့အရွာမပျက်သေးဘူး သည်းလာလိုက်လျော့သွားလိုက်နဲ့ ပေါင်းလည်းတစ်မနက်လုံးရှင်းထားတာ ပြောင်နေပါပြီ မနက်ဖြန်ထပ်လာစရာမလိုတော့ဘူး
ယာခင်းတစ်ခင်းကပေါင်းကို သုံးရက်လောက်ရှင်းယူလိုက်ရတယ် ဒါတောင်အငှားသားတွေပါလို့ပါလား ဟူး
ပဲပင်တွေကလည်းရေထိတာကြောင့်လန်းဆန်းကာစိမ်းစိုနေကြတယ် စပါးပင်တွေဟာလည်းရိပေါ်တို့ပြန်လမ်းတစ်လျှောက်မှာစိမ်းစိမ်းစိုစိုနဲ့
"သွားပြီဟေ့"
"အေး..."
ရွာထဲရောက်တော့ယွီပင်းနဲ့ရိပေါ်ကလမ်းမတူတာကြောင့်ရွာလယ်မှာပဲလမ်းခွဲလိုက်ကြတယ်
အိမ်ပြန်ရောက်တော့မိုးကတိတ်သွားပြီ ရိပေါ်အမြန်ပဲအင်္ကျီချွတ်ရန်အိမ်ပေါ်တက်သွားတော့အိမ်ရှေ့ခန်းမှာဒူးတနန့်နန့်နဲ့အိမ်မှအမေလုပ်ထားတဲ့ငှက်ပျောသီးမုန့်များအား စားသောက်နေပါသောရှောင်ကျန့်
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...