Unicode
လေတစ်ချွန်ချွန်နဲ့မှန်ရှေ့ဖြီးလိမ့်ပြင်ဆင်နေတဲ့ရှောင်ကျန့်ကို ရှောင်မားအခန်းဝမှမျက်မှောင်ကြုတ်ကြည့်နေတယ်
ဒါကိုမသိတဲ့ရှောင်ကျန့်ကတော့ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လို့ဆင်လို့ကောင်းတုန်းအားလုံးပြီးသွားမှအခန်းပြင်ထွက်ဖို့လုပ်တော့ အခန်းဝမှာလက်ပိုက်ကြည့်နေတဲ့အမေကိုတွေ့ပြီး လန့်ကာခြေခေါက်လဲမတတ် ရှောင်ကျန့်ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးပြလိုက်ပြီး
"အဟီး.. မား....."
"ဘာမားလဲ ဘယ်ကိုသွားပြန်အုံးမလို့လဲ!"
"ဟိုဘက်ရွာ.."
"မရဘူး အဖေ့အလုပ်လည်းကူမလုပ်ချင် အိမ်ကအလုပ်လည်းကူမလုပ်ချင်နဲ့
လျှောက်သွားနေဖို့ပဲတတ်တယ် ""အမေကလည်း.... သားကကာလသားဒုခေါင်းဆောင်မို့ ဟိုဘက်ရွာမင်္ဂလာဆောင်ကဖိတ်ထားတာ..
အဲ့ဒါကြောင့်သွားရမှာ မဟုတ်ရင်မသွားပါဘူးဗျာ ဖိတ်လို့သွားရမှာ""အပိုတွေ ဘာဒုခေါင်းဆောင်လဲ
ဝမ်လေးရှိနေတာပဲဟာ ဝမ်လေးတောင်မသွားဘူး နင်ကဘာကိစ္စသွားမှာလဲ""အဲ့ကောင်နဲ့ဘာဆိုင်လို့လဲအမေရာ..."
ရှောင်ကျန့်စိတ်ပျက်လက်ပျက်ညီးလိုက်တယ် နောက်မှသတိရသွားပြီး
"အမေ မင်္ဂလာဆောင်ကိုရိပေါ်သွားရင် သားလည်းသွားရမှာလား.."
"ဝမ်လေးသွားရင်လွှတ်မယ်"
"ပြီးတာပဲ..."
ဝမ်လေး ဝမ်လေး ဝမ်လေး ဝမ်လေး နဲ့ နားကြားမြင်ကပ်လာပြီ အမေ့သားကရှောင်ကျန့်ပါဗျ အဟင့်
...
ရှောင်ကျန့် ရိပေါ်တို့ခြံထဲဝင်သွားတော့ ဝမ်အဖေနဲ့အမေကလည်းဝတ်ကောင်းစားလှများဝတ်ထားကြတာကြောင့် ဟိုဘက်ရွာကိုသွားမယ်ဆိုတာရိပ်မိလိုက်တယ်
ဝမ်ဦးလေးတို့သွားရင် ဝမ်ရိပေါ်လည်းလိုက်မှာပဲ အဟင်း ဘာမှတောင်မစွယ်လိုက်ရဘူး ငါလေးကံကောင်းချက်..
"ဦးလေး ဟိုဘက်ရွာသွားမလို့လား.."
"ဟုတ်တယ်လေ သားလည်းသွားမှာလား.."
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...