Unicode
ယွီပင်းကြက်နှစ်ကောင်နဲ့သူ့အိမ်မှာတိုင်ပတ်နေတယ်။ ခွပ်နေလိုက်ကြတာဆိုတာဘယ်လိုတားတားမရ
"ငါရှင်ချင်တယ်ဟေ့!! "
မနေ့ကမနက်ရှောင်ကျန့်ကသူ့ဆီကိုပုဆိုးနဲ့တစ်ခုခုကိုထုတ်ပြီးရောက်လာတယ်။ သူ့ကိုတိုးတိုးတိတ်တိတ်လာပေးသွားတာက အမွှေးရောင်နီရဲရဲရှိတဲ့ ရိပေါ်ရဲ့ကြက်ဖကြီးကျန့်ကျန့်
"ရှောင်ကျန့် ဒါကြီးကိုဘာ့လို့ငါ့ကိုလာပေးနေတာလဲ"
"လျှာမရှည်နဲ့ ခဏယူထား သူ့ကြက်ဒီရောက်နေတာကိုရိပေါ်ကိုမသိစေနဲ့နော်.."
"နေပါအုံး ဘာ့လို့ငါ့ကယူထားရမှာလဲ.. အဲ့ ရှောင်ကျန့်! ရှောင်ကျန့်!!
ဟာ... လုပ်သွားပြန်ပြီ "ယွီပင်းသူ့လက်ထဲကကြက်ဖကြီးကိုခြင်းကြားနဲ့အုပ်ထားလိုက်တယ်။ နေ့ခင်းကြက်ကိုအစာကျွေးပြီးလို့အိမ်ရှေ့တန်းလျားမှာခဏထိုင်နေတုန်း စူပုတ်ပုတ်နဲ့ဝမ်ရိပေါ်ကကြက်တစ်ကောင်ကိုပိုက်ပြီးအိမ်ရောက်လာပြန်တယ်။
အဖြူနဲ့အနီစပ်ထားတဲ့ကြက်ကြောင့် ရှောင်ကျန့်ရဲ့ကြက်ဖပေါ်ပေါ်မှန်းသိလိုက်တယ်။
...လာပြန်ပြီ နောက်တစ်ယောက်...
"ဟေ့ကောင် ယွီပင်း! ဒီကြက်ခဏယူထား"
"ဟမ်! ထပ်ပြီလား"
"ဘာထပ်ပြီးလားလဲ"
"ဪ ဘာမှမဟုတ်ဘူး
နေပါအုံး ဘာ့လို့ငါ့ဆီမှာဒီကြက်ကိုလာထားနေတာလဲ..""ယူထားဆိုယူထားပေါ့ကွာ.. ဒီကောင်ကြီးရောက်နေတာရှောင်ကျန့်မသိစေနဲ့နော်
သိလို့ကတော့မင်းမလွယ်ဘူး.."..အာသံလျှာသံနဲ့ ငါ့အဖေကျနေတာပဲ..
ရိပေါ်ကတော့ယွီပင်းပြန်အဖြေတောင်မစောင့်တော့ ကြက်ကြီးကိုယွီပင်းရင်ခွင်ထဲပစ်ထည့်ပြီးတာနဲ့ပြန်သွားတော့သည်။
အဲ့လိုနဲ့ညနေဘက်ရောက်တော့အုပ်ထားတဲ့ကြက်ကိုသွားလွှတ်ပေးလိုက်ပြီး အစာကျွေးတော့ နှစ်ကောင်သားထိန်းမနိုင်သိမ်းမရခွပ်ကြတော့သည်။
ရိပေါ်နဲ့ရှောင်ကျန့်ရဲ့ကြက်လို့ကိုမပြောရဘူး
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...