Unicode
(ဂျင်းကောင် ဝမ်ရိပေါ်)
တစ်ခါတစ်လေလည်းအချစ်ကဆန်းကြယ်တယ် ငယ်ငယ်တည်းကကြီးတဲ့အထိကြည့်မရတဲ့လူကိုမှ သူမှသူအရမ်းဖြစ်နေတတ်တာမျိုး
ချစ်လားဆိုတော့လည်းချစ်တယ် အဲ့ဒါဆို ကြည့်လို့ရလား ဆိုတော့လည်းမရဘူး မြင်နေရတာမျက်စိထဲအမြဲတမ်းကန့်လန့် သူ့ကိုပဲရန်စချင်နေတာအခုလည်း သူ့ဟာသူချောင်းထဲမှာရွှံ့သွားခွာပြီး အေးအေးဆေးဆေးထိုင်လုံးနေတာကို ကြည့်နေရင်းနဲ့ကျောကိုထုချင်နေတယ် ဘယ်လိုလုပ်ရမလဲ
မရတော့ဘူး လက်တွေတကယ်အရမ်းယားနေပြီ
"ရှောင်ကျန့်!"
မေးတာကိုမထူးဘဲဘာလဲဆိုတဲ့သဘောမေးငေါ့ပြတယ်။ ရိပေါ်ဘယ်လိုရန်စရင်ကောင်းမလဲစဉ်းစားလိုက်တယ်။
ရှောင်ကျန့်ကိုကြည့်လိုက်တော့မြေကြီးပေါ်မှာကားထိုင်နေတယ်။ စွပ်ကျယ်လက်ပြတ်နဲ့ ပုဆိုးကိုလည်းလည်ပင်းမှာစလွယ်သိုင်းထားသေးတယ်။ ထိပ်မှာသာကြက်တောင်စည်းပေးလိုက်ရင်တကယ့်ကိုသုံးနှစ်သားလေးအတိုင်းဖြစ်သွားမှာပင်။
"မြေကြီးပေါ်မှာထိုင်နေရအောင် မင်းအတွက်ရွှေသင်ပြူးခင်းပေးထားတာမဟုတ်ဘူး သွား ခုံယူပြီးထိုင်"
"မင်းအပူလား ငါထိုင်လုံးနေတာတစ်နာရီလောက်ရှိပြီ ခုမှမြေကြီးပေါ်ထိုင်နေမှန်းသိတာလား ငနာရဲ့"
"ဟ မင်းငါ့ကိုဆဲလိုက်တာလား "
".........."
ရှောင်ကျန့်ကမထီတထီနဲ့သူ့အလုပ်သာဆက်လုပ်နေတယ်။
"အော မေ့နေတာ ရှောင်ကျန့် မင်းကိုသူကြီးကခဏလာခဲ့ပါအုံးတဲ့ ရွာကိစ္စလေးဆွေးနွေးချင်လို့လို့ပြောတယ်"
"မင်းရှိနေတာ မင်းကိုကျော်ပြီးငါ့ကိုခေါ်တယ်ပေါ့"
"ဒါတော့ငါလည်းမသိဘူး ငါကခေါ်ခိုင်းတဲ့အကြောင်းကိုပြန်ပြောပြတာ သွားတာမသွားတာကတော့မင်းအပိုင်းပါ.."
ရှောင်ကျန့်ကမယုံသလိုမျက်လုံးကိုမှေးကာကြည့်နေတာကြောင့် ရိပေါ်လည်းခပ်တည်တည်နဲ့ပဲရှေ့ကသတင်းစာရွက်ကိုကောက်ဖတ်လိုက်တယ်။
YOU ARE READING
"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)
FanfictionWang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...14.10.2020 End... 4.6.2021 SIX Zawgyi ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇ...