part-7 (Z+U)

4.1K 470 30
                                    

Unicode

အနည်းငယ်အေးနေတဲ့ခန္ဓာကိုယ်ကြောင့်ရှောင်ကျန့်နိုးလာခဲ့တယ် စောင်ကိုဆွဲယူတော့ပါလာတာကအဝတ်ပိုင်းလေးတစ်ခု ဘေးကိုဆက်စမ်းလိုက်တော့နွေးထွေးနေတဲ့အရာတစ်ခုကြောင့်ထိုအရာကိုဆွဲဖက်ကာအိပ်လိုက်တယ်

တစ်ခုခုထူးဆန်းနေတယ်လို့ထင်လိုက်ပေမယ့်အိပ်ချင်နေတာကတစ်ကြောင်းချမ်းနေတာကတစ်ကြောင်းကြောင့်အရေးမလုပ်တော့ဘဲ ဆက်အိပ်နေလိုက်​တော့တယ်

ခုမှပဲနွေးသွားတော့တယ်

.......

ညကရှောင်ကျန့်အိမ်ပြန်မလာတာကြောင့်ရှောင်လင်မယားစိတ်ပူနေကြတယ် ယွီပင်းဆီသွားမေးတော့ညကအိမ်ပြန်သွားတာသေချာပါတယ်တဲ့
သူလည်းဖန်ရှင်းကိုကြည့်နေရတာကြောင့်ညကရိပေါ်တို့ပြန်သွားတာကိုမသိလိုက်ပေ

"တော့်သား မိန်းမခိုးပြေးသွားတာတော့မဟုတ်ပါဘူးနော်..."

"မင်းသားကိုကြိုက်မယ့်သူကရှိအုံးဖို့လား"

"ကိုယ့်သားကိုအထင်သေးလိုက်တာ ရှိချင်ရှိ​နေမှာပေါ့ "

ဝမ်အဖေလည်း ရှောင်ကျန့်ပျောက်နေတယ်ကြားတော့သတင်းမေးရအောင်လာကြတယ်

"ကျန့်ကျန့်ပျောက်နေတယ်ဆိုလို့.."

"ဟုတ်တယ် ညတည်းကပြန်မလာဘူး"

"မိန်းမခိုးပြေးတာပဲနေမယ်"

ရှောင်အမေစကားကြောင့် ရှောင်အဖေကမျက်စောင်းလှမ်းထိုးတယ်

ဖြစ်နိုင်တာပြောစမ်း ကိုယ့်သားအဲ့လောက်ထိသတ္တိမရှိတာသိရဲ့နဲ့

"ကျန့်ကျန့်ကချစ်သူတွေရနေလို့လား
ကြိုက်မယ့်လူရှိရင်လည်းအိမ်ကိုပြောပြီးတောင်းခိုင်းမယ့်လူစားပါ
ခိုးတော့မပြေးလောက်ပါဘူး"

"တစ်ခါမှအပြင်မှာမအိပ်ဖူးဘူးလေ ဒင်းမိန်းမမခိုးလို့ဘာလုပ်အုံးမှာလဲ"

"ညကမူးပြီးတစ်နေရာရာမှာအိပ်ပျော်နေတာများလား ကျန့်ကျန့်ကမူးရင်ခွေအိပ်နေတတ်တာလည်းသိသားနဲ့..."

ရှောင်အမေကထိုအခါမှစကားပြောရပ်ကာ တစ်ခုခုကိုစဥ်းစားနေတယ်

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Dove le storie prendono vita. Scoprilo ora