Arc_2.5

2.4K 335 13
                                    

နေရာတစ်ခုလုံးဟာ မြူတွေဖြင့် ဖုံးလွှမ်းနေသည်။ ကြည်လင်နေတဲ့ရေကန်သည်လည်း ထိုမြူတွေကြားထဲတွင် ရှိနေသည်။ ရေကန်ရှေ့တွင် ထိုင်နေသော ယောကျ်ားပျိုနှစ်ယောက်ရှိသည်။ အတိအကျပြောရရင် နတ်ဘုရားနှစ်ပါးပေါ့။ ထိုနတ်ဘုရားနှစ်ပါးအနက် နတ်ဘုရားတစ်ပါးသည် ရွှေအိုရောင်ဆံပင်ရှိကာ မျက်လုံးအရောင်ဟာလည်း စိမ်းလဲ့နေသည်။

သူ၏မျက်နှာသွင်ပြင်ဟာလည်း မြင်လိုက်သည်နှင့် လူအများကို အံ့သြစေနိုင်လောက်အောင် ချောမောလှပသည်။ ထိုနတ်ဘုရားသည် ကျန်နတ်ဘုရားထက် ခေါင်းနှစ်လုံးစာပိုမြင့်သည်။ ထိုနတ်ဘုရား၏ညှို့ချက်ပြင်းလှသည့်မျက်လုံးသည်ကား ကျန်နတ်ဘုရားအပေါ်တွင်သာ တည်ရှိသည်။ ထိုနတ်ဘုရားသည် အပြာရောင်ဝတ်ရုံရှည်ကို ရင်ဘတ်အနည်းငယ်ဟထားသည်။ မျက်နှာမှလည်း ရေသီးလေးများက ကျဆင်းနေဆဲ။ ထိုနတ်ဘုရားကတော့ တစ်မိုးအောက် အတည်တန့်ဆုံး စစ်နတ်ဘုရားဖြစ်သည်။

ကျန်နတ်ဘုရားကမူ အေးချမ်းသည့်အသွင်ရှိကာ ရေကန်ထဲကို စိုက်ကြည့်နေသည်။ ထို့နောက် စစ်နတ်ဘုရားအား ခေါင်းလေးစောင်းကာ မော့ကြည့်လာသည်။ မျက်လုံးများဟာ ကြယ်တွေအလား..။
"ရှောင်ဂျင်...ခင်ဗျား ကျွန်တော့်ကို ချစ်လား"

"ပြောဖို့လိုသေးလို့လား"
ရှောင်ဂျင်သည် ကျန်နတ်ဘုရား၏နှဖူးပြင်ကို အမြတ်တနိုးနမ်းရှိုက်ကာ ပြောလေတော့ သူလေးသည် သဘောကျသလိုပြုံးရယ်လျက်, ရှောင်ဂျင်၏ရင်ခွင်ထဲသို့ ခိုဝင်လှည့်သည်။
"ခင်ဗျား....ကျွန်တော့်ကို မထားခဲ့ရဘူးနော်။ ခင်ဗျားထားခဲ့ရင်တောင်မှ, ကျွန်တော် ခင်ဗျားနောက် အမြဲလိုက်နေမှာ..."

နတ်ဘုရားနှစ်ပါးမှာမူ ပျော်ရွှင်နေလျက်...။
______________

"ရှောင်ဂျင်.. ခင်ဗျား ကျွန်တော့်ကို မှတ်မိလား"
လန်ဒရီ၏စကားကြောင့် ရှောင်ဂျင်သည် ရိပ်ခနဲမူးဝေသွားရကာ ပုံရိပ်တစ်ချို့ကို မြင်ယောင်လာရသည်။

"ချစ်တယ်..ရှောင်ဂျင်.."
ပုံရိပ်ထဲက ကောင်ငယ်လေးက ပါးပြင်နှင့်နားရွက်ဖျားများနီရဲကာပြောလာသည်။

"ခင်ဗျားက အခုမှ ကောင်းကင်ဘုံကို စံမြန်းလာတာနော်...ကျွန်တော့်ကို သဘောကျတယ်လို့ပြောဖို့ မစောလွန်းဘူးလား?"
ပုံရိပ်ထဲက ကောင်ငယ်လေးက ခပ်ထေ့ထေ့ပြောလာပေမယ့် နှုတ်ခမ်းထက်တွင်တော့ ကြည်နူးသောအပြုံးတစ်ခုရှိနေသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now