Arc_3.10

1.4K 204 8
                                    

ဒန်နီယယ်နေတဲ့နေရာကို သိလိုက်ရမှ ရိုလန်တစ်ယောက်ကျေနပ်သွားကာ သူ့အိမ်သူပြန်လာခဲ့ပြီး အိပ်ရာထဲဝင်ကာ တစ်ချိုးထဲအိပ်ပျော်သွားသည်မှာ မနက်ခင်းနေမြင့်မှနိုးလာခဲ့တော့သည်။

ရိုလန်တစ်ယောက်မျက်နှာသစ်သွားတိုက်ပြီး လက်ပ်တော့ပ်ကိုဖွင့်ကြည့်မိရာ အမည်မသိBossထံမှ emailတစ်စောင်ဝင်နေတာကိုတွေ့လိုက်ရတော့ ဖွင့်ဖတ်ကြည့်လိုက်သည်။

ဒီတစ်ခါတွင်တော့ သတ်ပေးရမည့်လူဟာ တစ်ယောက်တည်းမဟုတ်တော့၊ လူနှစ်ယောက်ကိုသတ်ပေးရမည်ဖြစ်ပြီး deadlineဟာလည်း မနက်ဖြန်ည၁၂နာရီနောက်ဆုံးဖြစ်တာကြောင့် အချိန်နှစ်ရက်သာရသည်။

[သူ့ကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ။ တစ်ခုခုလုပ်စရာများရှိလို့လား။]
Systemက လက်ပ်တော့စခရင်ကိုကြည့်ကာ လေးလေးနက်နက်တွေးနေပုံရသော ရိုလန်ကိုတစ်ချက်ကြည့်ရင်းပြောလာခဲ့သည်။

ရိုလန်သက်ပြင်းတစ်ချက်ချလိုက်သည်။
"System...လူ၉ယောက်ရဲ့ဝိညာဥ်ကိုစားသုံးပြီး အင်အားကြီးလာတဲ့မိစ္ဆာတစ်ကောင်အကြောင်းကို မင်းကြားဖူးတယ်မလား။"

ရိုလန့်စကားကို Systemသေချာစဥ်းစားနေမိရင်းဖြင့် ရုတ်ခြည်းမှတ်မိသွားကာ အလျင်စလိုမေးလိုက်သည်။
[မင်းပြောချင်တာက...ဝိညာဥ်မျိုတစ္ဆေကိုလား..?]

ရိုလန်ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်။"

ဝိညာဥ်မျိုတစ္ဆေဟူသည်မှာ ဝိညာဥ်၉ခုကိုမျိုချစားသောက်သောမိစ္ဆာနတ်ဆိုးကိုဆိုလိုခြင်းဖြစ်သည်။ ၎င်းမှာတွေ့ကရာဝိညာဥ်ကိုစားသုံး၍မရပဲ၊ ၎င်းအားယဇ်ပူဇော်ဆက်သလာသောဝိညာဥ်တွေကိုသာ စားသုံးခွင့်ရှိသည်။ အကယ်၍ တွေ့ရာဝိညာဥ်ကိုမျိုချစားသုံးမိပါက ၎င်းသည် စွမ်းအားပြည့်မလာသည့်အပြင် လက်ရှိရှိနေသောစွမ်းအင်ပါလျော့နည်းသွားမည်ဖြစ်သည်။

[အဲ့မိစ္ဆာကမရှိတော့ဘူးမလား။]

"အင်း၊ ငါကိုယ်တိုင် အဲ့မိစ္ဆာကိုရှင်းပစ်ခဲ့တာ။ သူ့ရဲ့အကြွင်းအကျန်တစ်ပိုင်းပျောက်နေတာကို ငါသတိထားမိခဲ့ပေမယ့် ငါဒီအတိုင်းပဲထားလိုက်တယ်။ ကြည့်ရတာ အဲ့ဒီ့အကြွင်းအကျန်ကနေ  အဲ့မိစ္ဆာပြန်ရှင်သန်လာတာဖြစ်မယ်။"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now