#Unicode
ဖရန့်စ် ခန်းယောင်ကို ကျောပိုးရင်းဖြင့် စတိုခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။
'System အဖမ်းခံထားရတဲ့သူတွေက ဘယ်မှာလဲ'[ငါ့နောက်လိုက်ခဲ့]
Systemက အရှေ့ကနေ ဝေ့ဝဲကာ သွားလေတော့သည်။
ဖရန့်စ်လဲ System၏နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပါ၏။ သူတို့လျှောက်နေကြတာ အခန်းပေါင်းများစွာကို ကျော်လွန်သွားပေမယ့်လဲ ထိုအချုပ်ခန်းကို မရောက်သေးပါချေ။ သူ့ကျောပေါ်က ခန်းယောင်ကတော့ အိပ်မောကျနေပြီး တစ်ခါတစ်ခါ ဟောက်သံလေးတောင် ထွက်လာသေးသည်။[ဒီအခန်းပဲ]
Systemက သွားနေတာကို ရပ်လိုက်ကာ အပြာရောင်အခန်းတံခါးကို ညွှန်ပြသည်။ ဖရန့်စ် ထိုအခန်းတံခါးကို ကြည့်လိုက်တော့ လက်ဗွေရာဖြင့် ဖွင့်ရသည့်ပုံပင်။ ဒါကြောင့် သူ့လက်ဗွေရာကို နှိပ်လိုက်တော့ scanဖတ်ကာ ခဏကြာတော့ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ဖရန့်စ် အထဲကို ကြည့်လိုက်တော့ လူအယောက်၂၀ယောက်လောက်ရှိမည်ထင်ရသည်။ ထိုအထဲတွင်တော့ ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားပြီး အစိမ်းရောင်ဂါဝန်လေးဝတ်ထားသော ကောင်မလေးနှင့် အမည်းရောင်ရှပ်အကျီနဲ့ဂျင်းဘောင်းဘီအရှည်ဝတ်ထားသော ကောင်လေးက မတ်တပ်ရပ်နေကြကာ ဖရန့်စ်ရပ်နေရာ တံခါးကို ကြည့်နေကြသည်။ အစကတော့ ဖရန့်စ်က ခပ်တည်တည်ဖြစ်နေတာကြောင့် နှစ်ယောက်လုံးက အနောက်ကိုဆုတ်သွားကြသည်။ အမည်းရောင်ဝတ်ထားသော ကောင်ငယ်လေးကတော့ ဖရန့်စ်နားက အန္တရာယ်အငွေ့အသက်များကို ခံစားမိသည်ထင်သည်။ မျက်မှောင်ကြုတ်ကာ အလိုမကျဟန်ဖြင့် ဖရန့်စ်ကို ရန်သူလို ကြည့်နေသည်။
[အမည်းရောင်အကျီနဲ့က ဇာတ်လိုက်ရှုမင်၊ အစိမ်းရောင်နဲ့က ဇာတ်လိုက်မ]
သိရှိလိုက်ရသည့် အချက်အလက်ကြောင့် ဖရန့်စ်က ချက်ချင်းပင် ပြုံးလိုက်ကာ ဖော်ဖော်ရွေရွေ ပြောလိုက်သည်။
"မင်းတို့အားလုံး လွတ်လပ်သွားပါပြီ""ရှင်ပြောချင်တာက"
ဇာတ်လိုက်မက အံ့သြသွားသည်။"မင်းတို့ကို လွှတ်ပေးလိုက်ပြီလို့ပြောတာ"
ဖရန့်စ် ထပ်ပြောလိုက်သည်။
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...