Arc_1.7

3.8K 551 13
                                    

#Unicode

ဖရန့်စ်နှင့်ခန်းယောင်တို့က တံခါးအပြင်ကဘက်တွင်ရွာသွန်းနေသော မိုးရေစက်များကို ကြည့်နေလေသည်။ ရုတ်တရက် ခန်းယောင်က ဖရန့်စ်ဘက်လှည့်ကာ မေးလာသည်။
"အကိုဖရန့်စ် ဘာမှလဲစားတာမတွေ့ဘူးနော်?"

ဖရန့်စ်ကတော့ ဘာပြောရမယ်မှန်းမသိတာကြောင့် ဒီအတိုင်းပြုံးပြလိုက်ကာ ပြန်ဖြေလိုက်သည်။
"ဗိုက်မဆာလို့ပါ"

"အယ်...ထူးဆန်းတာ..ဗိုက်မဆာဘူးတဲ့လား။ မစားလို့မရပါဘူး..အင့်..ဒါစား.."
ခန်းယောင်က ခေါက်ဆွဲခြောက်ကို ဖရန့်စ်ပါးစပ်နားတေ့ပေးလာတာကြောင့် ဖရန့်စ်မျက်ခုံးပင့်သွားလေသည်။ ဒါပေမယ့် ပါးစပ်လေးကို အလိုက်သင့်ဟပေးလိုက်တော့ ခန်းယောင်က ပါးစပ်ထဲထည့်ပေးလာသည်။ ဖရန့်စ်လဲ ထည့်ပေးလို့ပြီးလောက်ပြီအထင်နှင့် ပါးစပ်ကိုပိတ်လိုက်တော့ ခန်းယောင်လက်ညိုးလေးကို ကိုက်မိသွားလေသည်။ ခန်းယောင်က 'အ'ခနဲ အော်ကာ လက်ကိုပြန်ဆွဲထုတ်လိုက်တော့ ဖရန့်စ်က ဒီအတိုင်းရယ်သာရယ်ပြလိုက်ရသည်။ ခန်းယောင်ကတော့ မျက်နှာလေးနီရဲသွားပြီး ဟိုဘက်လှည့်သွားကာ ပါးစပ်ထဲကို ခေါက်ဆွဲခြောက်များ ထိုးထည့်နေပါ၏။ ဖရန့်စ်ကတော့ ခန်းယောင်ဘာဖြစ်သွားမှန်းမသိလိုက်ချေ။

ရုတ်တရက် တံခါးဆီကို အကြည့်ရောက်သွားတော့ အမဲရောင်အငွေ့များက တံခါးရှေ့တွင် တဝဲလည်လည်လုပ်နေလေသည်။
ဖရန့်စ် ခန်းယောင်ကိုကြည့်လိုက်တော့ နားရွက်ဖျားလေးနီရဲကာ ခေါက်ဆွဲခြောက်ကို သည်းကြီးမဲကြီးစားနေလေသည်။ Systemကို ကြည့်လိုက်တော့လဲ ငြိမ်သက်နေလေသည်။ ဖရန့်စ်မျက်လုံးမှိတ်ကာ သူ၏တတိယမျက်လုံးကိုဖွင့်လိုက်ပါ၏။ နောက်တော့ တံခါးဆီကို ပြန်ကြည့်လိုက်လေတော့ သူ၏အိပ်မက်ထဲတွင်တွေ့ခဲ့ရသော မိန်းမပျိုက လွမ်းဆွေးဟန်ဖြင့် သူ့အားကြည့်နေလေသည်။
"သူရဲကောင်းလေး..."

ဖရန့်စ် ထိုမိန်းမပျိုအား မေးရန်ကြံလိုက်ချိန်မှာပဲ ထိုမိန်းမပျိုက ပျောက်ချင်းမလှပျောက်သွားကာ သူ၏မြင်ကွင်းထဲတွင်မရှိတော့ပါချေ။ ဖရန့်စ် စိတ်ရှုပ်သွားတာကြောင့် တတိယမျက်လုံးကိုပိတ်ဖို့ကို မေ့သွားကာ Systemကိုမော့ကြည့်လိုက်လေတော့ ဖရန့်၏မျက်လုံးများမှေးကျဥ်းသွားရသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now