#Unicode
'မင်းပြောတဲ့အဆင့်သုံးဆင့်မှာ ဒီလိုအသိစိတ်ဝင်လာမယ်ဆိုတာ မပါဘူးလေ။ အခုသူ့ပုံစံက လူသားစားနေတယ်ဆိုပေမယ့် သူ့မျက်လုံးတွေကိုကြည့်လိုက်...လူစင်စစ်လိုပဲ။ တစ်ခြားသန္ဓေပြောင်းကောင်တွေလိုမျိုး မျက်စိဂနာမငြိမ်ဖြစ်မနေဘူး။'
ဖရန့်စ်သည် ဝေဖန်လိုက်သည်။[အဲ့..အဲ့ဒါက..ငါလဲ မသိ...]
Systemသည်လည်း ပြောစရာစကားပျောက်ရှနေလေသည်။'System..မင်း ငါ့ဆီအခုချက်ချင်းလာခဲ့!'
ဖရန့်စ်သည် လေသံမာမာဖြင့် အမိန့်ပေးလိုက်တော့ Systemသည် လက်ရှိအချိန်တွင် ခန်းယောင်နှင့်ရှိနေရာမှ ပျောက်ကွယ်သွားကာ ဖရန့်စ်၏အရှေ့တွင် ပေါ်လာသည်။
'မင်းပြောကြည့်...ငါမင်းကို ယုံသင့်သလား'
ဖရန့်စ်သည် မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာသည်။[ငါ...ငါလဲမသိဘူး။ ငါရတဲ့အချက်အလက်တွေမှာ အဲ့ဒီ့အကြောင်းမပါဘူး။]
Systemသည် ဖြေရှင်းချက်ပေးလာ၏။Systemပြောသည်က အမှန်ပင်။ မူလဖရန့်စ်သေဆုံးပြီးနောက်တွင် ဇာတ်လိုက်ရှုမင်နှင့် ယွန်းဆူသည် ဖြေဆေးအား ရှာတွေ့ကာ သန္ဓေပြောင်းကောင်များကို လူသားအဖြစ်သို့ ပြန်လည်ကုသပေးနိုင်ခဲ့သည်။ သူတို့သည် စမ်းသပ်ခံနံပါတ်တစ်ကို ရှင်းပစ်ခဲ့တုန်းက စမ်းသပ်ခံနံပါတ်တစ်မှာမူ ယခုလိုပုံစံမဖြစ်သေးပေ။ အခုကရော? ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ။ ဖရန့်စ်သည် တွေးမိ၏။ ဒီကမ္ဘာကို အုပ်စိုးသည့်နတ်ဘုရားတွေက သူ့ကိုဆုံးမချင်တာလား?
ကိစ္စတွေကတော့ ရှုပ်ထွေးပွေလီနေလေပြီ။ ဖရန့်စ်တွင် အကြံတစ်ခုရလာသည်။ ထိုအကြံကတော့.......
ဖရန့်စ်သည် သူ၏စွမ်းအင်ကိုသုံးပြီးတော့ တိုက်ကြီးကို လှည့်ပတ်နေကြသော သန္ဓေပြောင်းကောင်များထဲမှ တစ်ချို့တစ်ဝက်အား ခိုင်းစေလိုက်သည်။ အညှို့ခံလိုက်ရသော သန္ဓေပြောင်းကောင်းများမှာမူ တစ်ခြားအညှို့မခံရသည့် သန္ဓေပြောင်းကောင်များအား ကိုက်ခဲ၏။ ထိုသန္ဓေပြောင်းကောင်များကလည်း လှုံ့ဆော်ခံလိုက်ရသောကြောင့် ပြန်လည်တိုက်ခိုက်၏။ ထိုထဲမှ သန္ဓေပြောင်းကောင်တစ်ကောင်သည် တစ်ခြားသန္ဓေပြောင်းကောင်၏ လည်ပင်းအား ကိုက်လိုက်တော့ ၎င်းသည် အရသာတွေ့ပုံရသွားကာ ထိုအကောင်အား ကိုက်စား၏။ ခုနက ငြိမ်သက်နေသော ကွင်းပြင်ကြီးမှာမူ ယခုအခါတွင် ဆူညံပွက်လောရိုက်လျက် အချင်းချင်းသတ်စားကုန်ကြ၏။
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...