Arc_1.1

6.5K 753 10
                                    

#Unicode

#ရှောင်ဂျင့်ကို ဖရန့်စ်လို့ပဲ သုံးနှုန်းသွားမှာပါ

ဖရန့်စ် စမ်းသပ်ခန်းထဲကနေ မထွက်ခင်မှာ သူ့မျက်နှာသူ ကိုင်ကြည့်လိုက်တော့ သူက စာကြည့်မျက်မှန်တပ်ထားတာဖြစ်ပြီး surgical mask တစ်ခုလဲ တပ်ထားသေးသည်။ ဖရန့်စ် maskကို ဖြုတ်လိုက်ပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ သွေးစွန်းနေတဲ့ ဂျူတီကုတ်အဖြူနဲ့ အထဲကတော့ ရှပ်အကျီအဖြူကို စတိုင်လ် ပန့်စ်ထဲကို ထည့်ဝတ်ထားသည်။ ဂျူတီကုတ်ကိုလဲ ချွတ်ချလိုက်ပြီးတော့ ဘောင်းဘီထဲ ထည့်ထားတဲ့ ရှပ်အကျီအဖြူကို အပြင်ကို ထုတ်လိုက်ကာ အပေါ်ကြယ်သီးတစ်လုံး၊ နှစ်လုံးလောက် ချွတ်ပြီးတော့ အပြင်ကို ထွက်လာလိုက်သည်။

ဖရန့်စ် တံခါး အပြင်ရောက်တော့ အောက်ဘက်ကြမ်းပြင်ပေါ်မှာပဲ သွေးတွေပျံနှံ့နေတာကို တွေ့လိုက်သည်။ သူ ကော်ရစ်ဒါတစ်လျှောက် ဆက်လျှောက်လာလိုက်တော့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ လူသေအလောင်းတွေကိုသာ တွေ့ရသည်။ တစ်ချို့အလောင်းတွေက အူတွေအပြင်ကို ထွက်နေကာ တစ်ချို့အလောင်းတွေကတော့ ဦးခေါင်းမရှိတော့တဲ့ လည်ပင်းပိုင်းကနေ သွေးတွေ စီးကျနေတုန်းပင်။

ဒီလိုပုံစံမျိုးကို လူသားတွေတွေ့ရင် အန်ထွက်နိုင်တာတွေ ဖြစ်နိုင်ပေမယ့် သူကတော့ လူမြောက်မြားစွာကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ လူသေအလောင်း ပုံစံများစွာကို မြင်ဖူးခဲ့တဲ့ သူ့အနေနဲ့ကတော့ ဒီလောက်ကတော့ အသေးအမွှားလောက်တောင် မပြောပပေ။

'System... စမ်းသပ်ခံ(နံပါတ်တစ်)ကနေ ကူးစက်ခံရသူတွေ ရှိသေးလား'
အလောင်းတွေကို လိုက်ကြည့်နေရင်းနဲ့ပဲ မေးလိုက်သည်။

[အင်း.... သိပ်တော့မများသေးဘူး... အယောက်၂ဝ ကျော်လောက်ပဲ ရှိသေးတယ်]

'ဒီထဲမှာရော ရှိသေးလား'

[မရှိတော့ဘူး...ကူးစက်ခံရသူတွေ အကုန်လုံးက အပြင်ရောက်ကုန်ပြီ.]

'......'

[သူတို့ကို သတ်လို့မရဘူး.. မူလ အရင်းအမြစ် စမ်းသပ်ခံ(နံပါတ်တစ်)ကို ရှင်းပစ်လိုက်ရင် သူတို့က အလိုလိုသေသွားမှာ]

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now