Arc_3.2

1.5K 232 10
                                    

#ရှောင်ဂျင့်ကို ရိုလန်လို့ပဲ သုံးနှုန်းပါတော့မည်။

စုံထောက်အော်ဒရေးဟာ 'ရွှေအိုရောင်ဆံပင်'ဆိုတဲ့အကြောင်းကို အလေးအနက်ပြောသွားခဲ့သည်။ သေချာတာကတော့ သူဟာ မြို့တော်ထဲရှိ ရွှေအိုရောင်ဆံပင်နှင့်လူတိုင်းကို ရှာဖွေမယ်လို့ ဆိုလိုတာပဲ။

ရွှေအိုရောင်ဆံပင်နှင့်လူကို ရှာဖို့ဆိုတာ အရမ်းခက်ခဲတဲ့ကိစ္စရပ်တော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ ရွှေအိုရောင်ဆံပင်ရှိတာဆိုလို့ မျိုးရိုး၄၊ ၅ခုလောက်ပဲရှိတာ။

ရွှေအိုရောင်ဆံပင်ဟာ အတော်လေးရှားပါးတာအမှန်ပဲ။ လူဦးရေ ၁၀၀ ရာခိုင်နှုန်းမှာ ၁ရာခိုင်နှုန်းမှာပဲ တွေ့ရတတ်တယ်။

ဒုတိယမြောက်တွေ့ရခဲတဲ့ဆံပင်အရောင်ကတော့ အုန်းခွံရောင်ဆံနွယ်တွေပဲ။ အုန်းခွံရောင်ဆံနွယ်တွေကတော့ ၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။ စုံထောက်အော်ဒရေးဟာလည်း အုန်းခွံရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားသည်။

အမည်းရောင်ဆံပင်တွေကတော့ လူတိုင်းလိုလိုတွင်တွေ့ရတတ်ကာ အများဆုံးဖြစ်သည်။

ဒီကမ္ဘာဟာ တစ်ခြားခေတ်သစ်ကမ္ဘာတွေလိုမဟုတ်ချေ။ အကြောင်းကတော့ ဒီကမ္ဘာမှာဆိုရင် ဆံပင်အရောင်ဆေးဆိုးခြင်းကို အပြင်းအထန်ကန့်သတ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဆံပင်အရောင်ဆိုးမိပါက ထိုတစ်ယောက်ဟာ ပြစ်ဒဏ်ကြီးကြီးချမှတ်ခံရသည်မှာ အမှန်ဧကန်ဖြစ်သည်။

အမှန်ပြောရရင် မူလရိုလန်တိုင်ဒါကို ဇာတ်လိုက်အော်ဒရေးတစ်ယောက် သတိထားမိသွားရခြင်းမှာလည်း ဆံပင်အရောင်ကြောင့်ဖြစ်သည်။ ဒါပေမယ့် ထိုအချိန်တုန်းကတော့ ဇာတ်လိုက်အော်ဒရေးဟာ မူလရိုလန်တိုင်ဒါကို မသက်ာဖြစ်နေတုန်းသာဖြစ်ပြီး ဇာတ်လိုက်မကို မူလရိုလန်တိုင်ဒါဖွင့်ပြောလိုက်မှသာ သေချာသိရှိသွားခဲ့ခြင်းဖြစ်သည်။

[ဆံပင်အရောင်ဆိုးလိုက်ရင်ရော ဘယ်လိုလဲ။ အဲ့ဒါဆိုရင်တော့ မင်းကိုဘယ်သူမှသံသယရှိတော့မှာမဟုတ်ဘူး။ လူတွေကို သတ်ချင်တိုင်းသတ်လို့ရပြီလေ။]

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now