ရှောင်ဂျင်တစ်ယောက်ကတော့ လမ်းမထက်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည်။ လမ်းသွားလမ်းလာများကလည်း သူ့ကိုတစ်ချက်တစ်ချက် သမင်လည်ပြန်ကြည့်သွားကြသည်။
တရားခံရှောင်ဂျင်မှာတော့ ထိုအရာတွေကိုဂရုမစိုက်ပါပဲ မျက်မှောင်ကြုတ်သွားလိုက်၊ ပြန်ပြေလျော့သွားလိုက်ဖြင့် အလုပ်များနေသည်။
ထိုသို့ဖြစ်နေရခြင်းအကြောင်းရင်းကတော့ Systemပြောပြလာသည့် ဇာတ်ကြောင်းကြောင့်ဖြစ်လေသည်။
[ဒီကမ္ဘာကတော့ ရိုးရိုးခေတ်သစ်ကမ္ဘာဖြစ်တယ်။ ဇာတ်လိုက်အော်ဒရေးမက်ဂန်ဟာ အသက်၃၀အရွယ်ရှိသော အလွတ်စုံထောက်တစ်ယောက်ဖြစ်ပြီး သူပါဝင်သည့်အမှုတိုင်းမှာ တရားခံကိုမမိဘူးဆိုတာမရှိပေ။ ဇာတ်လိုက်မစီဗယ်ကင်းစလေကတော့ အသက်၂၀အရွယ်ရှိသော တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သည်။ဇာတ်လိုက်အော်ဒရေးဟာ ကွင်းဆက်လူသတ်တရားခံကို လိုက်နေရင်းဖြင့် ဇာတ်လိုက်မစီဗယ်နှင့် တွေ့ဆုံခဲ့တာဖြစ်တယ်။ ဇာတ်လိုက်မစီဗယ်ဟာ တရားခံကိုဖမ်းဆီးရာတွင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခဲ့တာကြောင့် ကျောက်တုံးနှလုံးသားပိုင်ရှင်အော်ဒရေးမှာ စီဗယ့်ကိုချစ်မိသွားခဲ့သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြကာ လက်ထပ်ခဲ့ကြသည်။ သူတို့နှစ်ယောက်ဟာ ဘယ်လိုမှတွေ့နိုင်မှာမဟုတ်တဲ့သူတွေဖြစ်ပေမယ့် ဗီလိန်တစ်ယောက်ကောင်းမှုကြောင့် တွေ့ဆုံရခြင်းဖြစ်သည်။ ထို့နောက် အချင်းချင်းချစ်ကြိုက်သွားကြကာ ဗီလိန်ကိုနှိမ်နင်းပြီးနောက် ပျော်ရွှင်စရာအဆုံးသတ်လေဖြစ်သွားလေတည်းပေါ့။]
*ရှောင်ဂျင် အခုရောက်ရှိနေသည့်ခန္ဓာကိုယ်ပိုင်ရှင်ကတော့ ရိုလန်တိုင်ဒါဟု အမည်ရသည့် အသက်၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည်။ ရိုလန်တိုင်ဒါဟာ ဇာတ်လိုက်တို့လိုက်ဖမ်းနေသည့်ကွင်းဆက်လူသတ်တရားခံတဖြစ်လဲ၊ အမြှောက်စာဗီလိန်ဇာတ်ကောင်လေးတစ်ယောက်ဖြစ်နေသည်။ အမှန်ပြောရရင် ဇာတ်လိုက်တို့နီးစပ်သွားရသည့်အကြောင်းရင်းမှာ ရိုလန်တိုင်ဒါက အရေးကြီးသည့်အခန်းကဏ္ဍမှာပါဝင်နေသည်။ လူသတ်တရားခံရိုလန်တိုင်ဒါအတွက်တော့ ဇာတ်လိုက်မစီဗယ်ကိုချစ်မိသွားခဲ့ခြင်းမှာ သူ့ရဲ့မဟာအမှားကြီးပင်ဖြစ်သည်။ သူဟာ ဇာတ်လိုက်မစီဗယ်ကိုယုံကြည်မိခဲ့ကာ လူသတ်ခဲ့ကြောင်း ထုတ်ပြောလိုက်တာကြောင့် နောက်ဆုံးတွင်တော့ ဇာတ်လိုက်အော်ဒရေး၏လက်ချက်နှင့်ပင် အသက်ဆုံးရရှာသည်။*
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...